...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ပြည်ထောင်စုဝန်ကြီးရုံး / မျှော်မှန်းချက်


မျှော်မှန်းချက်

  • မြန်မာနိုင်ငံရှိ ပြည်သူတစ်ရပ်လုံး၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန် အတွက် လမ်းများ ၊ တံတားများ ၊ လူနေထိုင်ရန် အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်လာစေရန် ၊
  • တိုင်းဒေသကြီး / ပြည်နယ်များအလိုက် လမ်း ၊ တံတားများနှင့် မြို့ပြဒေသများ အချိုးညီ ဖွံ့ဖြိုး တိုးတက်လာစေရန် ၊
  • မြန်မာနိုင်ငံ၏ GDP တိုးတက်ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုသည့် သယ်ယူ ပို့ဆောင်ရေး စရိတ်အား အနည်းဆုံးလျှော့ချနိုင်ရန် သွားလာမည့်အချိန် အတိုဆုံး ဆောင်ရွက်နိုင်ရေးအတွက် လမ်း ၊ တံတားများဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက် ခြင်းနှင့် အတားအဆီးများ ဖယ်ရှားရန် ၊
  • နိုင်ငံသားများအားလုံး လူနေမှုဘဝ မြှင့်တင်စေမည့် သင့်လျော်ကောင်းမွန်သော အိမ်ရာများတွင် နေထိုင်နိုင်ရန် ၊
  • မြန်မာနိုင်ငံ၏ မြို့ပြနှင့်အိမ်ရာကဏ္ဍကို ဟန်ချက်ညီညီ ၊ စဉ်ဆက်မပြတ်ရေရှည် ဖွံ့ဖြိုးတိုးတက် စေရန်နှင့် ပြည်သူတို့၏ နေထိုင်မှု အဆင့်အတန်း မြှင့်တင်ရန် ၊
  • ပြည်သူလူထုအတွက် သင့်လျော်ကောင်းမွန်သည့် အိမ်ရာများ စဉ်ဆက်မပြတ် ဖြည့်ဆည်းနိုင်ရန်။