မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန / မူဝါဒ
မူဝါဒ
(၁) မြန်မာနိုင်ငံ၏ နယ်မြေဒေသအနှံ့ အချိုးညီ ဘက်စုံဖွံ့ဖြိုးတိုးတက်စေမည့် အမျိုး သား နယ်မြေဒေသဖွံ့ဖြိုးရေးမူဘောင်နှင့်အညီ အမျိုးသားမြို့ပြကွန်ယက်စနစ် ထူထောင်ရေး။
(၂) လူမှုစီးပွားရေး အခြေအနေဖွံ့ဖြိုးတိုးတက်စေသော၊ လူမှုဘဝနေထိုင်မှု အရည် အသွေးမြှင့်တင်ပေးနိုင်သော၊ ဘေးကင်းလုံခြုံသော၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိမည့် စိမ်းလန်းမြို့ပြများ ထူထောင်တည်ဆောက်ရေး။
(၃) မြန်မာနိုင်ငံ၏ မြို့ပြနှင့်အိမ်ရာကဏ္ဍ ဟန်ချက်ညီညီ ရေရှည်ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ပြည်သူတို့၏ နေထိုင်မှုအဆင့်အတန်း မြှင့်တင်ပေးနိုင်သော သင့်လျော်ကောင်းမွန်သည့်အိမ်ရာများ (ကိုယ်ပိုင်အိမ်ရာ၊ အငှားချအိမ်ရာ ၊ နိုင်ငံ့ ဝန်ထမ်းအိမ်ရာ) စဉ်ဆက်မပြတ်ဖြည့်ဆည်းဆောင်ရွက်ရေး။
(၄) မြို့ပြအိမ်ရာများ၏ အခြေခံအဆောက်အအုံ လိုအပ်ချက်ဖြည့်ဆည်းရေး၊ အဆင့် မြှင့်တင်ရေးနှင့်ရေရှည်ဖွံ့ဖြိုးစေမည့်အခြေခံအဆောက်အအုံကွန်ယက်စနစ်များ ထူထောင်တည်ဆောက်ရေး။
(၅) ပြည်သူများ ကောင်းမွန်ပြည့်စုံသော အိမ်ရာပိုင်ဆိုင်နိုင်ရေးအတွက် နိုင်ငံတော် ၏ ပြည်တွင်း၊ ပြည်ပမှ ငွေကြေးကဏ္ဍ ပူးပေါင်းကူညီမှုများဖြင့် ရေရှည်ခိုင်မာမှု ရှိစေမည့် အိမ်ရာချေးငွေစနစ် ထူထောင်ဖော်ဆောင်ရေး။