အဆောက်အဦဦးစီးဌာန / လုပ်ငန်းစဉ်
လုပ်ငန်းစဉ်
(က) ဆောက်လုပ်ရေးလုပ်ငန်းစိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း)၏ လုပ်ငန်း တာဝန်ဝတ္တရားများကို ဆောင်ရွက်ပါမည်။
( ခ ) တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်ဝတ္တရား များကို ဆောင်ရွက်ပါမည်။
( ဂ ) အဆောက်အဉီဉီးစီးဌာနသို့ အပ်နှံသော တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပါမည်။
(ဃ) အဆောက်အအုံဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဉပဒေပေါ်ထွက်လာ ရေး ဆောင်ရွက်ပါမည်။
( င ) မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စည်းမျဉ်းများ ပေါ်ထွက်ရေး ဆောင်ရွက် ပါမည်။
( စ ) အဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းများအတွက် အကြံပေးခြင်း လုပ်ငန်းများဆောင်ရွက်ပါမည်။
(ဆ) တည်ဆောက်ရေးလုပ်ငန်းများအတွက် ပုဂ္ဂလိကများကို တင်ဒါစနစ်ဖြင့် ဆောင်ရွက်ရာတွင် စည်းကမ်းတကျရှိစေရန် ဆောင်ရွက်ပါမည်။
( ဇ ) အသက်မွေးဝမ်းကျောင်းဘာသာရပ်အလိုက် ကျွမ်းကျင်လုပ်သားများကို လေ့ကျင့်သင်ကြားပေးပြီး (NSSA)အဖွဲ့နှင့်ပူးပေါင်း၍ အာဆီယံအသိအမှတ် ပြုလက်မှတ်များ ထုတ်ပေးခြင်း၊ အင်ဂျင်နီယာဘာသာရပ်များ၊ ဘဏ္ဍာရေး ဘာသာရပ်များ၊ စီမံခန့်ခွဲမှုဘာသာရပ်များကိုလည်း အဆင့်အလိုက် လေ့ကျင့်သင်ကြားပေးခြင်း ဆောင်ရွက်ပါမည်။
( ဈ ) ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို မြန်မာစံချိန်စံညွှန်း သတ်မှတ်နိုင် ရန်အတွက် အမျိုးသားစံချိန်စံညွှန်းကောင်စီ၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ပါမည်။
(ည) ဆောက်လုပ်ရေးကဏ္ဍတွင်ပါဝင်သော တင်ဒါလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကုမ္ပဏီများ ကန်ထရိုက်မှတ်ပုံတင်ခြင်း၊ ကျွမ်းကျင်လုပ်သားများ အကဲဖြတ် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်း၊ စီမံကိန်းတန်ဘိုးများနှင့် စီမံကိန်း လုပ်ငန်းတန်ဘိုးများကို GRS စနစ်ဖြင့် ချိတ်ဆက်ပြီး Data Base မှတ်တမ်း များ ဆောင်ရွက်မည်။
( ဋ ) သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး (Energy Efficient) ဖြစ် မည့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးခြင်းမရှိစေသော Green Building နည်းပညာများကို အသုံးပြုဆောင်ရွက်သွားမည်။