...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန / လုပ်ငန်းစဉ်


လုပ်ငန်းစဉ်

(၁) အမျိုးသားအဆင့် မြို့ပြနှင့်ဒေသမူဝါဒများ၊ မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာများ၊ အမျိုးသားအဆင့်အိမ်ရာမူဝါဒများ၊ အိမ်ရာဖွံ့ဖြိုးရေးမဟာဗျူဟာများနှင့်အိမ်ရာ ငွေကြေးစနစ်ဆိုင်ရာမူဝါဒနှင့် မဟာဗျူဟာများ ပြုစုရေးဆွဲဆောင်ရွက်မည်၊ (နိုင်ငံခြားအကူအညီ အထောက်အပံ့နှင့် ပြည်ထောင်စုဘတ်ဂျက်)

(၂) အမျိုးသားအဆင့် မြို့ပြနှင့်အိမ်ရာစစ်တမ်းကောက်ယူခြင်းများကို နိုင်ငံတစ်ဝန်း ဦးစားပေးအစီအစဉ်အလိုက် စဉ်ဆက်မပြတ်သုတေသန ပြုလုပ်ဆောင်ရွက် မည်၊ (နိုင်ငံခြားအကူအညီအထောက်အပံ့နှင့် ပြည်ထောင်စု ဘတ်ဂျက်)

(၃) မြန်မာနိုင်ငံ၏ ပြည်နယ်၊ တိုင်းဒေသကြီး မြို့တော်များ၊ လူဦးရေ (၅)သောင်း အထက်မြို့ကြီးများနှင့် မြို့များ၏ လက်ရှိလူမှုစီးပွားရေးနှင့် မြို့ပြလုပ်ငန်း ဆောင်တာများ အခြေအနေ ၊ အနာဂတ်ဖွံဖြိုးတိုးတက်မှု အလားအလာများကို လေ့လာဆန်းစစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ် မြို့ပြကွန်ရက်စနစ် ထူထောင် ရန် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများရေးဆွဲဆောင်ရွက်မည်၊ ဂျာမဏီနိုင်ငံ ကိုလုံး တက္ကသိုလ်နှင့်လည်း ပူးပေါင်း၍ မြို့ပြလူမှုစီးပွားဖွံ့ဖြိုးမှု သုတေသနလုပ်ငန်းကို မြို့ပေါင်း(၈၁)မြို့တွင် ဆောင်ရွက်မည် ၊(နိုင်ငံခြားအကူအညီ အထောက်အပံ့နှင့် ပြည်ထောင်စုဘတ်ဂျက်)

(၄) မြို့ပြနှင့်ဒေသဖွံ့ဖြိုးရေး စီမံကိန်းဥပဒေ၊ အမျိုးသားအိမ်ရာဖွံ့ဖြိုးရေး ဥပဒေ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေ၊ အဆောက်အအုံစံချိန်စံညွှန်း၊ အိမ်ရာ အဆောက်အဦများပြင်ဆင်ထိန်းသိမ်းခြင်းဥပဒေ၊ ၁၉၅၁ ခုနှစ် နိုင်ငံတော် ပြည်သူ့အိုးအိမ်ပြန်လည်ထူထောင်ရေး နှင့် မြို့ရွာစည်ပင်ရေးအဖွဲ့အက် ဥပဒေ များ လုပ်ထုံးလုပ်နည်းများနှင့်စီမံကိန်းဆိုင်ရာ လမ်းညွှန်ချက်များကို ပြဌာန်း ခြင်း၊ ပြင်ဆင်ခြင်းနှင် လိုက်နာကျင့်သုံးခြင်းများ ဆောင်ရွက်မည်၊

(၅) ကုလသမဂ္ဂလူနေမြို့ရွာများ ဖွံ့ဖြိုးမှုအစီအစဉ်၏ အထောက်အပံ့ဖြင့် ထူထောင် ထားသော မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာသုတေသနသိပ္ပံ(URDI) ကို ပြည်တွင်းပြည်ပမှ ပညာရှင် များ၏ အကူအညီဖြင့် မြို့ပြမူဝါဒနှင့်နည်းဗျူဟာများ၊ အိမ်ရာမူဒါဒနှင့် နည်းဗျူဟာများ ချမှတ်ခြင်း၊ ရာသီဥတုပြောင်းလဲမှုနှင့်သဘာဝဘေးတားဆီး ရေးဆိုင်ရာ မြို့ပြစီမံကိန်းများ၊ အဆောက်အဦးနည်းစနစ်၊ စံချိန်စံညွှန်း သုတေ သနလုပ်ငန်း နှင့် ဘာသာရပ်ဆိုင်ရာ သင်တန်းများဖွင့်လှစ်သင်ကြားမည်၊(နိုင်ငံ ခြားအကူအညီအထောက်အပံ့ နှင့် ပြည်ထောင်စုဘတ်ဂျက်)

(၆) မဲခေါင်ဒေသလမ်းကြောင်းပေါ်ရှိ (မော်လမြိုင်၊ ဘားအံ၊ မြဝတီ) မြို့များဖွံ့ဖြိုး တိုးတက်ရေးနှင့် ရေရရှိရေး၊အမှိုက်စွန့်ပစ်ရေး၊ အခြေခံအဆောက်အအုံအဆင့် မြှင့်ရေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည်(ADB ချေးငွေ / NEDA ချေးငွေ / ပြည်ထောင်စုဘတ်ဂျက်)

(၇) New Mandalay Resort City စီမံကိန်း၊ မြေဧရိယာဧက (၇၁၄၅)ဧက ၏ ပင်မ စီမံကိန်း နှင့် အသေးစိတ်ပုံစံရေးဆွဲခြင်း၊ စီမံကိန်းအဆင့်အလိုက် အကောင် အထည်ဖေါ်ဆောင်ရွက်မည့် အဓိကပုံစံများရေးဆွဲခြင်း နှင့် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပုဂ္ဂလိကဖြင့်ပူးပေါင်း၍ အကောင်အထည်ဖေါ်ဆောင်ရွက်မည်၊ ( PPP နှင့် ပြည်ထောင်စုဘတ်ဂျက်)

(၈) ရန်ကုန်တိုင်းဒေသကြီးတွင် Eco - Green City စီမံကိန်းမြေဧရိယာ (၁၄၅၃) ဧကအကောင်အထည်ဖေါ်ဆောင်ရွက်မှု မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အခြေခံ အဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများ နှင့် အိမ်ရာစီမံကိန်းများကို ပုဂ္ဂလိကနှင့်ပူးပေါင်း၍အ ကောင်အထည်ဖေါ်ဆောင်ရွက်မည်၊(PPP)

(၉) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်း နှင့် အရှေ့ပိုင်းမြို့နယ်များရှိ မြေဧရိယာ(၂၀၀၀)ဧကတွင် ထိုင်းနိုင်ငံအခြေစိုက် Amata Coporation PCL နှင့် ပူးပေါင်း၍ စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖေါ် ဆောင်ရွက်မည်၊(PPP)

(၁၀) ရန်ကုန်တိုင်းဒေသကြီး တွံ့တေးမြို့နယ်၊ မြေဧရိယာ(၂၄၀၀)ဧကတွင် အလုပ် ကိုင် နှင့်အခွင့်အလန်းများရရှိရေး၊ ကျူးကျော်များနေရာချထားရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့၊မလေးရှားနိုင်ငံ Berjaya Land BERHAD ကုမ္ပဏီနှင့်ပူးပေါင်းအကောင်အထည်ဖေါ်ဆောင်ရွက်မည်၊ (PPP)

(၁၁) တိုင်းဒေသကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့မှ ကျွမ်းကျင်မှု အကူအညီ တောင်းခံလာသည့်မြို့များ၏ မြို့ပြစီမံကိန်းရေးဆွဲရေး လုပ်ငန်းများကို စီမံချက် များရေးဆွဲ၍ ဆောင်ရွက်မည်၊ (ပြည်ထောင်စုဘတ်ဂျက်)

(၁၂) တိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း မြေနေရာရရှိမှု အပေါ်မူတည်၍ အငှားချအိမ်ရာများ၊ တန်ဖိုးလတ်နှင့်တန်းဖိုးနည်းအိမ်ရာများကို အကောင် အထည်ဖော်ဆောင်ရွက်မည်၊ (ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီး/ ပြည် နယ်များ၏ ဘတ်ဂျက်နှင့် ပြည်တွင်းပြည်ပချေးငွေများ)

(၁၃) တိုင်းဒေသကြီး၊ပြည်နယ်များတွင် တန်ဘိုးနည်းနှင့်တန်ဘိုးမျှတအိမ်ရာစီမံကိန်း များအတွက် လမ်း ၊ ရေ ၊ လျှပ်စစ်မီး .... စသည့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်တည်ဆောက်မည်၊ (ပြည်ထောင်စုဘတ်ဂျက် နှင့် တိုင်း ဒေသကြီး/ပြည်နယ်များ၏ ဘတ်ဂျက်)

 (၁၄) မြို့ကြီးများတွင်အိမ်ရာမဲ့များ၊ကျူးကျော်များ ပြန်လည်နေရာချထားရေးအတွက် ဆောင်ရွက်ရန် နည်းဗျူဟာများနှင့်အကောင်အထည်ဖေါ်ရေး လုပ်ငန်းစဉ်များ ကို တိုင်းဒေသကြီး/ပြည်နယ်အဖွဲ့ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်၊(နိုင်ငံခြားအကူအညီအထောက်အပံ့ နှင့် ပြည်ထောင်စု ဘတ်ဂျက်)

(၁၅) လူဦးရေ(၂)သိန်းအထက်ရှိ မြို့ကြီးများတွင် လူနေမှုအဆင့်နိမ့်ကျနေသည့် ရပ်ကွက်များ စနစ်တကျအဆင့်မြှင့်တင်ပေးရေး နှင့် ကျူးကျော်များ ပြန်လည် နေရာချထားရေး အစီအမံများအတွက် လိုအပ်သည့် ညွှန်ကြားချက်များ ချမှတ် ခြင်း၊ စီမံကိန်းများပေါင်းစပ်ရေးဆွဲခြင်းနှင့် အခြေခံအဆောက်အအုံလိုအပ်ချက် (လမ်း၊ ရေမြောင်း၊ ရေပေးရေး၊ မီး စသည့်) များကို ဖြည့်ဆည်းပေးခြင်းကို ဆောင်ရွက်မည်၊ (နိုင်ငံခြားအကူအညီအထောက်အပံ့ နှင့် ပြည်ထောင်စု ဘတ်ဂျက်)

(၁၆) သက်တမ်းလွန် ပြည်သူ့အိမ်ရာများ ပြန်လည်စည်ပင်ရေး စီမံကိန်းရေးဆွဲခြင်း နှင့်စီမံကိန်းစတင် အကောင်အထည်ဖော်ခြင်း အစီအစဉ်များအဖြစ် ရန်ကုန်မြို့ တွင် ဦးဝိစာရအိမ်ရာ၊ သုဝဏ္ဏအိမ်ရာ ၊ ကန်တော်လေးအိမ်ရာ၊ ပျဉ်းမပင်အိမ်ရာ၊ ကြို့ကုန်းအိမ်ရာ ၊ ရန်ကင်းအိမ်ရာနှင့် မိတ္ထီလာ၊ မကွေး ၊ မော်လမြိုင် ၊ ပဲခူး ၊ စစ်ကိုင်း၊ ပုသိမ်၊စစ်တွေမြို့များရှိ အိမ်ရာစခန်းများ ပြန်လည်စည်ပင်ရေးစီမံ ကိန်းတို့ကို စနစ်တကျ စီမံကိန်းရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက် ခြင်းနှင့်စီမံကိန်းလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ များနှင့်ညှိနှိုင်းဆောင်ရွက်မည်၊ ( ပြည်ထောင်စုဘတ်ဂျက် နှင့် ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်ခြင်း)

(၁၇) နိုင်ငံတော်ပိုင်အိမ်ရာများ၊ လခရမြို့ပြအိမ်ရာများကို လိုအပ်ချက်နှင့်အညီအထူး ပြင်ဆင်ထိန်းသိမ်းခြင်း၊ အသစ်တည်ဆောက်ခြင်းများ ဆောင်ရွက်နိုင်ရန် စစ်တမ်းကောက်ယူခြင်း၊စီမံကိန်းများရေးဆွဲခြင်း၊အကောင်အထည်ဖော်ဆောင် ရွက်ခြင်း၊

(၁၈) ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် နှင့် ချိတ် ဆက်၍ ဆောက်လုပ်ရေးချေးငွေများ (Construction Loan) နှင့် အိမ်ရာ ဝယ်ယူသူများအတွက် အိမ်ရာချေးငွေပေးနိုင်သည့်စနစ်ကို အကောင်အထည် ဖေါ် ဆောင်ရွက်မည်၊(နိုင်ငံတော် အစိုးရ၏ ထည့်ဝင်ငွေ နှင့် နိုင်ငံခြားချေးငွေ)

(၁၉) နေပြည်တော် လွှတ်တော်နှင့်အိမ်တော်အဆောက်အဦများ နှင့်ဌာနမှစီမံခန့်ခွဲ သော အခြားအဆောက်အဦများ အထူးပြင်ဆင်မွမ်းမံခြင်း နှင့် မူဝါဒအရ လိုအပ်သောအဆောက်အဦများ ထပ်တိုးဆောင်ရွက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်မည်၊ ( ပြည်ထောင်စု ဘတ်ဂျက်)

(၂၀) မြို့ပြနှင့်အိမ်ရာကဏ္ဍဖွံ့ဖြိုးရေးအတွက် အောက်ပါဥပဒေ နှင့် ဆက်နွယ်သည့် လုပ်ထုံးလုပ်နည်းများကို (မူကြမ်း)အဆင့်မှ အတည်ပြုပြဌာန်းနိုင်ရေးဆောင် ရွက်မည်၊ (နိုင်ငံခြားအကူအညီ အထောက်အပံ့ နှင့် ပြည်ထောင်စု ဘတ်ဂျက်)

- မြို့ပြနှင့်ဒေသဖွံ့ဖြိုးရေးစီမံကိန်းဥပဒေ(မူကြမ်း)

  - အမျိုးသားအိမ်ရာဖွံ့ဖြိုးရေးဥပဒေ(မူကြမ်း)

  - အိမ်ရာအဆောက်အဦများပြင်ဆင်ထိန်းသိမ်းခြင်းဥပဒေ

  - အဆောက်အအုံဆိုင်ရာ သတ်မှတ်ချက်များ၊ အဆောက်အအုံ စံချိန်စံညွှန်း၊

(၂၁) ပြည်ထောင်စုအစိုးရ၏ သီးခြားတာဝန်ပေးအပ်သည့် အောက်ဖော်ပြပါ အထူး ဖွံ့ဖြိုးရေးစီမံကိန်းများကို ဆောင်ရွက်မည်-(ပြည်ထောင်စုဘတ်ဂျက်)

- Green & Smart City မြို့သစ်စီမံကိန်းများရေးဆွဲခြင်း ၊ ထားဝယ်အထူး စီးပွားရေးဇုန်တည်ဆောက်ရေး စီမံကိန်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း အထောက်အကူပြု လုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ပေါင်းစပ်၍ ဆောင်ရွက်မည်၊

- အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းပေါ်တွင် အခြေခံ၍ အမျိုးသားနယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲခြင်း လုပ်ငန်းစဉ်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်၍ ဆောင်ရွက်မည် ၊ ( နိုင်ငံတကာ အကူအညီ)

(၂၂) ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အချက်အချာကျသည့် မြို့များ နှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အချက်အချာကျသည့် စက်မှုဇုန် တည်ရှိသော မြို့များစနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေး ဘက်စုံပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေးစီမံကိန်းများကို သက်ဆိုင်ရာ၀န်ကြီးဌာနများနှင့် ပေါင်းစပ်၍ ရေးဆွဲ မည်၊

(၂၃) မြို့များရှိ ထိန်းသိမ်းစောင့်ရှောက်သင့်သော မြို့ပြယဉ်ကျေးမှု အမွေအနှစ် အဆောက်အဦများအား စနစ်တကျမှတ်တမ်းတင်ခြင်း၊ ထိန်းသိမ်းမှုနည်းလမ်း များ လေ့လာခြင်း သုတေသနစာတမ်းများပြုစုခြင်း ဆောင်ရွက်မည်၊

(၂၄) နားလည်မှုစာချွန်လွှာလက်မှတ်များ ရေးထိုးထားသည့် ကိုရီးယားနိုင်ငံ Land and Housing Corporation ၊ ဂျပန်နိုင်ငံ MLIT ဝန်ကြီးဌာနအဖွဲ့အစည်း များနှင့် မြို့ပြနှင့်အိမ်ရာကဏ္ဍဆိုင်ရာဗဟုသုတမျှဝေခြင်း၊ဖွံ့ဖြိုးရေးစီမံကိန်းရေး ဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မည်၊

(၂၅) ကိုရီးယားနိုင်ငံ LH Corporation နှင့်အကျိုးတူ ပူးပေါင်း၍ ရန်ကုန်တိုင်း ဒေသကြီး၊လှည်းကူးမြို့နယ်၊ညောင်နှစ်ပင်တွင် ကိုရီးယား-မြန်မာ ပူးပေါင်း စက်မှုဇုန်ထူထောင်ဆောင်ရွက်မည်၊ စက်မှုဇုန်ပြင်ပရှိ အခြေခံအဆောက်အအုံ များ (လမ်း၊လျှပ်စစ်၊ရေပေးရေး)ကို အကောင်အထည်ဖေါ် ဆောင်ရွက်မည်၊

(၂၆) ဂျပန်နိုင်ငံ JICA အကူအညီဖြင့် ပဲခူးမြို့၊ ထားဝယ်မြို့၊ မုံရွာမြို့၊မကွေးမြို့တို့တွင် မြို့ပြစီမံကိန်းရေးဆွဲခြင်းနှင့် ပင်မစီမံကိန်းရေးဆွဲခြင်း စသည့်လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မည်၊

(၂၇) ယူကေနိုင်ငံ DFID ၏အကူအညီဖြင့်ဆောင်ရွက်မည့် City for Infrastructure and Growth CIG အစီအစဉ်အဖြစ် တောင်ကြီး-ကလော၊ ပုသိမ်၊ ပဲခူး၊ မုံရွာ၊ ဖားအံမြို့များ၏ အခြေခံအဆောက်အအုံစီမံကိန်းများ၊ စွမ်းရည်မြှင့်တင်ရေးသင် တန်းအစီအစဉ်များ၊ ရန်ကုန်မြို့တွင် အိမ်ရာအဆင့်မြှင့်တင်ရေးစီမံကိန်း နှင့် စက်မှုဇုန်အဆင့်မြှင့်တင်ရေးသုတေသနလုပ်ငန်းများ ဆောင်ရွက်မည်၊

(၂၈) သဘာဝဘေးဒဏ်ခံ မြို့ပြ၊ကျေးလက်များ ပြန်လည်ထူထောင်ရေးနှင့် (ရခိုင် ဒေသ) လူနေမြို့ရွာများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မူလအခြေ အနေထက် ပိုမိုကောင်းမွန်အောင် စီမံကိန်းရေးဆွဲခြင်း ၊ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည်၊

(၂၉) အဆင့်မြှင့်နည်းပညာသုံး ပထဝီဝင်သတင်းအချက်အလက်စနစ်ဖြင့် မြေပုံထုတ် လုပ်ခြင်း၊(Spatial Information) နယ်မြေဒေသဆိုင်ရာသတင်းအချက်အလက် အခြေခံအဆောက်အုံထူထောင်ခြင်း၊ ဆက်နွယ်နေသည့်အဖွဲ့အစည်းများ နှင့် ပေါင်းစပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်၊(ပြည်ထောင်စုဘတ်ဂျက်၊ နိုင်ငံခြား အကူအညီ)

(၃၀) မြို့ပြမြေစီမံခန့်ခွဲမှု၊အိမ်ရာစီမံခန့်ခွဲအုပ်ချုပ်မှု၊အိမ်ရာချေးငွေစီမံခန့်ခွဲမှု လုပ်ငန်း များတွင် ကွန်ပျူတာသတင်းအချက်အလက်စနစ်များဖြင့် ချိတ်ဆက် ထူထောင် ဆောင်ရွက်မည်၊(ပြည်ထောင်စုဘတ်ဂျက်၊ နိုင်ငံခြားအကူအညီ)