...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ပြည်ထောင်စုဝန်ကြီးရုံး / လုပ်ငန်းတာဝန်


ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန် (၆)ရပ်

၁။ အစိုးရပိုင်းနှင့် ပုဂ္ဂလိကပိုင်းဆိုင်ရာ ဆောက်လုပ်ရေးနယ်ပယ်အသီးသီး၏ တည်ဆောက်ရေးဆိုင်ရာ အရည်အသွေးများ ပြည့်မီစေရေးအတွက် တည်ဆောက်ရေးဆိုင်ရာ စံသတ်မှတ်ချက်များ ထုတ်ပြန်ခြင်း၊ ပြင်ဆင်ခြင်းနှင့် အစိုးရဌာနများ၏ အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ပေးခြင်း။

၂။ နိုင်ငံဖြတ်ကျော်လမ်းမကြီးများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်သည့် စင်္ကြံလမ်းကြီးများ၊ နိုင်ငံတော်၏ မဟာဗျူဟာစီမံကိန်းများ၊ ဒေသတွင်းဖွံ့ဖြိုးမှုအစီအစဉ်များနှင့် ဆက်စပ်နေသော လမ်းမကြီးများနှင့် ၎င်းလမ်းမကြီး များပေါ်ရှိ တံတားများအား အဆင့်မြှင့်တင်တည်ဆောက်ခြင်း။

၃။ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ဖွံ့ဖြိုးမှုအလားအလာကောင်းမွန်ပြီး သင့်လျော်ကောင်းမွန်သော မြေနေရာများတွင် မြို့ပြနှင့်ဒေသစီမံကိန်းများနှင့် အိမ်ရာစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ဒေသအဆင့်နှင့် ပုဂ္ဂလိကကဏ္ဍများမှ အဆိုပြုသည့် စီမံကိန်းများအား အကဲဖြတ် ဆောင်ရွက်ပေးခြင်း။

၄။ သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်းနှင့် ရုတ်တရက် ပျက်စီးခြင်းတို့ ဖြစ်ပေါ်လာပါက ပြည်သူလူထု သွားလာမှု မပြတ်တောက်စေရန်အတွက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအား ဆောင်ရွက် ခြင်း။

၅။ တည်ဆောက်ရေးဆိုင်ရာ နည်းပညာသစ်များကို စနစ်တကျအသုံးပြုနိုင်ရေးနှင့် တည်ဆောက်ရေးဆိုင်ရာ ပစ္စည်းများ အရည်အသွေးမြင့်မားစေရေးအတွက် ဦးစီးဌာနအလိုက် သုတေသနဓာတ်ခွဲခန်းများ ဖွင့်လှစ်ကာ သုတေသနပြု ဆောင်ရွက်ခြင်း။

၆။ သတင်းအချက်အလက်နည်းပညာ အသုံးချသော စီမံခန့်ခွဲမှုစနစ်များနှင့် e-Government လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ခြင်း။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်