...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

လမ်းဦးစီးဌာန / မူဝါဒ


မူဝါဒ

  • နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲလာသည့်နိုင်ငံရေးစနစ်နှင့်အညီ နိုင်ငံအတွင်းရှိလမ်းများကို နိုင်ငံတကာအဆင့်မီလမ်းမကြီးများအဖြစ် ပေါ်ပေါက်လာစေရန်။

  • မြန်မာနိုင်ငံနှင့်ဆက်စပ်လျက်ရှိသည့် နိုင်ငံတကာဆက်သွယ်မှု လမ်းကြောင်းများအား ၂၀၃၀ခုနှစ် နှစ်ရှည်စီမံကိန်းပြီးဆုံးချိန်တွင် တစ်ရက်ပျမ်းမျှယာဉ်စီးရေ (၅၀၀၁)အထက် ကျော်သည့်လမ်းများ အား(၂၂)မီတာအကျယ်ကတ္တရာကွန်ကရစ်လမ်း၊ တစ်ရက်ပျမ်းမျှ ယာဉ်စီးရေ(၂၀၀၁မှ၅၀၀၀) အတွင်းရှိလမ်းများအား (၁၄)မီတာအကျယ် ကတ္တရာ ကွန်ကရစ်လမ်း၊ တစ်ရက်ပျမ်းမျှယာဉ်စီးရေ (၅၀၁မှ ၂၀၀၀)အတွင်းရှိလမ်းများအား (၇)မီတာအကျယ် ကတ္တရာကွန်ကရစ်လမ်းဆောင်ရွက်ရန်။

  • သွားလာချိန်အတိုဆုံးဖြစ်အောင် ဆောင်ရွက်ခြင်းဖြင့် သယ်ယူပို့ဆောင်ရေးစရိတ်အား အနည်းဆုံးလျော့ချနိုင်မည် ဖြစ်ပြီးလမ်းအဆင့်များကိုနှစ်စဉ် (၂%)တိုးတက်အောင် ဆောင်ရွက်ရန်။

  • စီမံကိန်းလုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် နှင့်သတ်မှတ်အရည်အသွေးပြည့်မှီအောင်ဆောင်ရွက်ရန်။

  • လမ်းဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အင်ဂျင်နီယာများသည် ကမ္ဘာ့ အဆင့်မီနည်းပညာများတတ်ကျွမ်းစေရန်။

  • ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် P.P.P(Public Private Partnership) အစီအစဉ်အရ နိုင်ငံသား လုပ်ငန်းရှင်များအားဖိတ်ခေါ်၍ အကျိုးတူပူးပေါင်းဆောင်ရွက်ရန်။

  • နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ Foreign Direct Investment (F.D.I) ဖိတ်ခေါ်၍ ပြည်တွင်းတွင် လမ်းစီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ရန်။

  • မြန်မာ့စီးပွားရေးမူဝါဒ(၁၂)ချက်တွင်ပါဝင်သည့် အခြေခံစီးပွားရေးအဆောက်အအုံ လျင်မြန် စွာ တိုးတက်လာရေးနှင့် မြန်မာနိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ် ပေးနိုင်ရေးအား အထောက်အကူပြုစေရန်အတွက် လမ်းများ အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရန်။