ဂျိုင်း (ကော့ကရိတ်)တံတား တည်ဆောက်ခြင်းစီမံကိန်း
အရှေ့- အနောက် စီးပွားရေးစင်္ကြန်လမ်းမကြီးပေါ်ရှိ (East - West Economic Corridor - EWEC) လမ်းမကြီးပေါ်ရှိ ဂျိုင်း(ကော့ကရိတ်) တံတားတည်ဆောက်ခြင်းစီမံကိန်း
- အရှေ့- အနောက် စီးပွားရေးစင်္ကြန်လမ်းမကြီးပေါ်ရှိ ဂျိုင်း(ကော့ကရိတ်) တံတား တည်ဆောက်ရေးစီမံကိန်း (MY - P15)ကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Japan International Corporation Agency - JICA) JICA ODA Loan ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။ ဂျိုင်း(ကော့ကရိတ်) တံတားသည် သထုံ - ဘားအံ - ကော့ကရိတ် - မြဝတီ လမ်းပေါ်တွင် တည်ရှိပါသည်။
- တံတားအမျိုးအစားမှာ အုတ်မြစ်သံကူကွန်ကရစ်ဘိုးပိုင်အမျိုးအစားဖြစ်ပြီး တံတားအပေါ်ထည်မှာ သံမဏိကြိုးဆိုင်းတံတား (Extradosed Bridge) ဖြစ်ပါသည်။
- တံတားအရှည်မှာ ၁၉၀၃ ပေ (၅၈၀ မီတာ) ဖြစ်ပြီး တံတားအကျယ်မှာ ၇၄ ပေ (၂၂.၆၉ မီတာ) လေးလမ်းသွားတံတားဖြစ်ပြီး လူသွားလမ်းတစ်ဖက်လျှင် ၄ ပေစီ ပါရှိပါသည်။
- ဂျိုင်း(ကော့ကရိတ်) တံတားကို ဂျပန်နိုင်ငံ၏ အဆင့်မြင့်နည်းပညာဖြင့် လှိုင်းတွန့်ပုံစံသံမဏိပြား (Steel Plate Corrugated Web) ၊ အတွင်းအပြင် ကြိုတင်အားဖြည့်သံကူကွန်ကရစ်ဒေါက်များ၊ ရာသီဥတုဒဏ်ခံနိုင်သော သံမဏိအမျိုးအစားတို့ဖြင့် ကမ္ဘာ့ပထမဆုံး ပေါင်းစပ်တည်ဆောက်ထားသည့် နည်းပညာအသစ်ဖြင့် တည်ဆောက်ခြင်းဖြစ်ပါသည်။
- ဂျိုင်း(ကော့ကရိတ်) တံတား၏ တံတားအပေါ်ထည် သံမဏိကြိုးဆိုင်းခြင်းနှင့် အစွန်းထွက် ယက်မများအပိုင်းလိုက် တပ်ဆင်တည်ဆောက်ခဲ့ပါသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန အလှပြယာဉ်ပေါ်တွင် ဂျိုင်း(ကော့ကရိတ်)တံတားတည်ဆောက်နေပုံ နောက်ဆုံးပိတ်အပိုင်း Final Closure Segment တပ်ဆင်နေပုံကို လက်တွေ့သရုပ်ဖော်ပြသခြင်း ဖြစ်ပါသည်။
- ဂျိုင်း(ကော့ကရိတ်) တံတားကို (၃-၅-၂၀၁၉) ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ (၉၂%)ခန့် ပြီးစီးနေပြီး ၂၀၂၃ ခုနှစ်၊ မတ်လတွင် ပြီးစီးမည်ဖြစ်ပါသည်။
May 24 2024