...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန / သတင်းများ


လမ်းသစ်အိမ်ရာစီမံကိန်း ကြည့်ရှုစစ်ဆေးခြင်း နှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ် ၊ ဇွန်လ (၂၆) ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့မှ ထွက်ခွာလာပြီး ရန်ကုန် - ပုသိမ် လမ်းတစ်လျှောက် (ပုသိမ် - ရန်ကုန်လမ်းအပိုင်း) အား ကြည့်ရှုစစ်ဆေးပါတယ်။

 မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ ရောက်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား လည်းကောင်း၊ မြို့ပြအိမ်ရာဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် ရုံးလုပ်ငန်းဆောင်ရွက်မှုအားလည်းကောင်း ၊ လှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ လိုအပ်သည်များအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ ရုံးလုပ်ငန်းစည်းမျဉ်း ၊ စည်းကမ်းလက်စွဲစာအုပ်ပါ ပြဌာန်းချက်များအတိုင်း စာရွက်စာတမ်းလုံခြုံရေး အထူးဂရုပြုဆောင်ရွက်ရန် ၊ ရုံးလုပ်ငန်းဆိုင်ရာစာရွက်စာတမ်းများ ပြင်ပသို့ပေါက်ကြားမှုမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ အလေးထားကြပ်မတ်ရန် မှာကြားပါသည်။

 ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ အရာထမ်း ၊ အမှုထမ်းဝန်ထမ်းများနှင့် တွေ့ဆုံပွဲပြုလုပ်ရာ ဝန်ထမ်းများမှ တစ်ဦးချင်းမိတ်ဆက်စကားပြောကြားပြီးနောက် ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြား ပါတယ်။

 ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် တနင်္ဂနွေ ရုံးပိတ်ရက်တွင် တွေ့ဆုံပွဲပြုလုပ်သည်ကို အချိန်ပေးတက်ရောက်သည့်အတွက် ကျေးဇူးတင် ရှိပါ ကြောင်း ၊ ရုံးအဆောက်အဦလုံခြုံရေး ၊ ဝန်ထမ်းတစ်ဦးချင်း၏ လူပုဂ္ဂိုလ်လုံခြုံရေး ၊ စာရွက်စာတမ်း လုံခြုံရေးကို ဂရုပြုကြရန် ၊ ဝန်ထမ်းတစ်ဦးချင်းအလိုက် နစ်နာမှုများရှိပါက ပွင့်လင်းစွာတင်ပြရန် အကြံပြုချက်များရှိပါကလည်း တင်ပြဆွေးနွေးပေးပါရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားပါသည်။ အဲ့ဒီနောက် တွေ့ဆုံပွဲ တက်ရောက်လာသည့် ဝန်ထမ်းများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။

 ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လမ်းမတော်မြို့နယ် ၊ (၁၁)ရပ်ကွက် ၊ ဘုန်းကြီး လမ်းနှင့် လမ်းသစ်ရိပ်သာလမ်း ၊ မြေတိုင်းရပ်ကွက်အမှတ် (၂၀ DY 3) ၊ မြေကွက်အမှတ် (၃ A / ၂) ရှိ လမ်းသစ်ရိပ်သာ အိမ်ရာစခန်း ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး တာဝန်ရှိသူများမှ စီမံကိန်း ဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ နိုင်ငံတော်အနေဖြင့် မြို့ပြကဏ္ဍစနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးသင့်အိမ်ရာ စီမံကိန်း များအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်းများ ၊ အငြိမ်းစား နိုင်ငံ့ဝန်ထမ်း များ သာမန်ပြည်သူများအတွက် အိမ်ရာလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ရည်မှန်းချက်ထားပြီး ဆောင်ရွက်နေသကဲ့သို့ ၊ ရန်ကုန်မြို့အား မြို့ပြအဆင့်အတန်း မြှင့်တင်ရန် အတွက် သက်တမ်းလွန် အိမ်ရာစခန်းများအား ပြန်လည်စည်ပင်ဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် လူနေထိုင်မှုအဆင့်အတန်း မြှင့်တင် ရေးအတွက် ဆောင်ရွက်လိုကြောင်း ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ ရေရှည်ရင်းနှီးမြှုပ်နှံနိုင်မည့် နည်းလမ်းကောင်းများရှာဖွေဆောင်ရွက်ရန်၊ ဒေသခံများအလုပ်အကိုင် အခွင့်လမ်းရရှိရန် ဆောင်ရွက် ရန်တို့အား မှာကြားပြီး စီမံကိန်းလုပ်ငန်းခွင် နေရာများသို့ မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသတင်းရရှိပါတယ်။


  Jul 04 2022