...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


လမ်း ၊ တံတား တည်ဆောက်ရေးလုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင် နှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၂ ခုနှစ် ၊ ဇွန် (၁၉)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ၊ ကုန်စည်စီးဆင်းမှု သွက်လက်မြန်ဆန်စေရေး ၊ B.O.T စနစ်ဖြင့် ဆောင်ရွက်သော လမ်း ၊ တံတားတိုးတက်မှု အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေး ပါသည်။

 ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Oriental Highway ကုမ္ပဏီမှ မန္တလေး - ပြင်ဦးလွင် (အတက်/အဆင်း) လမ်းအပိုင်းအား ကတ္တရာကွန်ကရစ် (AC) ပြီးစီး၍ ထိန်းသိမ်းနေမှု အခြေအနေကို လည်းကောင်း ၊ ပြင်ဦးလွင်မြို့တွင်း ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် လမ်းပန်း ဆက်သွယ်ရေး လွယ်ကူချောမွေ့စေရန် မြို့ရှောင်လမ်း တိုးချဲ့ရန်အခြေအနေ တို့ကိုလမ်း တစ်လျှောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ပါသည်။

 ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော မန္တလေး - ပြင်ဦးလွင်လမ်းမကြီးနှင့် ချိတ်ဆက်သည့် ဇီးပင်ကြီးမီးသတ်သင်တန်းကျောင်းအဝင်လမ်း အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးရာ မန္တလေး တိုင်းဒေသကြီး ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး က လက်ရှိလမ်းအား (၁၈) ပေ အကျယ်ချဲ့ခြင်း ၊ Box Culvert များ တိုးချဲ့ခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို မြေပုံကားချပ်ဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယခုလမ်းကို အသုံးပြုနေ သည့် ကျေးရွာနေပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေစေရန် လမ်းအဆင့်မြှင့် တင်ခြင်းနှင့် လမ်းတိုးချဲ့ခြင်းကို ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း ၊ လမ်းတိုးချဲ့ခြင်းနှင့်အတူ Box Culvert များကိုလည်း တပြိုင်တည်း ချဲ့ပေးရန် လိုပါကြောင်း နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ သက်ဆိုင်ရာဝန်ကြီးဌာနတို့နှင့် လိုအပ်သည်များ တင်ပြဆောင်ရွက်ရန် မှာကြားပါသည်။

 ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အုန်းချော - ရွှေစာရံ - ဘယ်လင်းလမ်းပေါ်ရှိ အရှည် (၆၆၀)ပေ ဒုဋ္ဌဝတီတံတား(ရွှေစာရံ) သို့ ရောက်ရှိရာ တံတားဦးစီးဌာန ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် (ထိန်းသိမ်းရေး) ဦးသိန်းမြင့်မွန် က မန္တလေးတိုင်းဒေသကြီး ၊ တံတားပြုပြင် ထိန်းသိမ်း

ရေးအဖွဲ့မှ တံတားများရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ကြံ့ခိုင်မှုနှင့် ထိန်းသိမ်းရေးအပိုင်း ဆောင်ရွက်ထားရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး က တံတားများ ရေရှည်တည်တံ့ခိုင်မြဲစေရန် ကြံ့ခိုင်မှုနှင့် သန့်ရှင်းသပ်ရပ်လှပစေရေး အမြဲမပြတ်စစ်ဆေးပေးရန် မှာကြားပါသည်။

 ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သော်တာဝင်းကုမ္ပဏီ မှ B.O.T စနစ် ဖြင့် ဆောင်ရွက်နေသော အရှည် (၂၁) မိုင် (၅) ဖာလုံရှိ အုန်းချော - ရွှေစာရံ - ဘယ်လင်းလမ်းအား စက်ယန္တရားများဖြင့် အောက်ခံ အမာခံလမ်းအဆင့်ရရှိအောင် ညှိကြိတ်ခြင်း ၊မိုင်တိုင်အမျတ် (၀/၀)မှ (၀/၃)အထိ (၂၄) ပေ အကျယ် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း ၊ ကျောက်ဆည်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရန် ကျောက်ဆည်မြို့ရှောင်လမ်း ဆောင်ရွက်ပြီးစီးမှုနှင့် အဆိုပါလမ်းပေါ်ရှိ အရှည် (၂၁၀) ပေ ၊ ယာဉ်သွားလမ်းအကျယ် (၈၀) ပေ ဇော်ဂျီတံတားအမှတ်(၂) တည်ဆောက်ပြီးစီးမှု အခြေအနေကို လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြား ပါသည်။

 ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သော်တာဝင်းကုမ္ပဏီ မှ B.O.T စနစ်ဖြင့် ဆောင်ရွက်သော ရန်ကုန် - ပဲခူး - တောင်ငူ - မန္တလေးပြည်ထောင်စုလမ်းမကြီးအား ပြုပြင် ထိန်းသိမ်းထားရှိမှု အခြေအနေကိုလည်းကောင်း ၊ မိုင်တိုင်အမှတ် (၃၆၀/၃) ရှိ ယခင်တံတားဟောင်း နှင့်ကပ်လျက် နေရာတွင် အရှည် (၂၀၀) ပေ ၊ ယာဉ်သွားလမ်းအကျယ် (၄၀)ပေ ရေဝန်းတံတားသစ် တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တံတားနှစ်စင်းယှဉ်လျက် တည်ဆောက်ခြင်းဖြစ်၍ ရေစီးလမ်းကြောင်း သေချာတွက်ချက်ပြီး ဆောင်ရွက်ရန် ၊ ဘိုးပိုင်တူးရာတွင်လည်း သတ်မှတ် အနက်ရရှိရန် နှင့် အရည်အသွေး ၊ စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။


  Jul 04 2022