ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ နှစ်ပတ်လည်နေ့အထိမ်းအမှတ် နည်းပညာဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲ (ဒုတိယနေ့) ပိတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ နှစ်ပတ်လည်နေ့အထိမ်းအမှတ် နည်းပညာဆိုင်ရာ သုတေ သန စာတမ်းဖတ်ပွဲ (ဒုတိယနေ့) ပိတ်ပွဲအခမ်းအနားကို နေပြည်တော်၊ ရုံးအမှတ်(၁၁) စုပေါင်း ခန်းမမှာ ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းဖေက စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသော ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများအားလုံးအား နှုတ်ခွန်းဆက်သပြီး စာတမ်းဖတ်ကြားတဲ့ (၂)ရက်အတွင်းမှာ စာတမ်းပေါင်း(၁၈)စောင်ဖတ်ကြား နိုင်ပြီး စာတမ်းရှင်များရဲ့ ကြိုုးစားရှာဖွေထားသော အချက်အလက်များကို မူလရည်ရွယ်ရင်း အနှစ်သာရများ ပေါ်လွင်အောင် ဖတ်ကြားနိုင်တာ တွေ့မြင်ရပါကြောင်း၊ အလွယ်တကူရသော စာတမ်းအဟောင်းများကို ပြန်လည်ဖတ်ကြားခြင်းမျိုး မဟုတ်ပဲ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်မှ ဦးဆောင်ဖော်ထုတ်ပါသော အကြောင်းအရာများနှင့် လျော်ညီသော ခေါင်းစဉ်များဖြစ်တဲ့အတွက် ဌာနအတွက်ရော၊ နိုင်ငံအတွက်ပါ အသုံးဝင်သော စာတမ်းများဖြစ် တာကို တွေ့မြင်ရပါကြောင်း၊ ဉပမာအားဖြင့်ဆိုရသော် ယနေ့ နိုင်ငံတကာမှာ ရေပန်းစားနေတဲ့ လျှပ်စစ်ကားဆိုင်ရာ အကြောင်းအရာမျိုး၊ Steel Fibre Reinforcement လို အကြောင်းအရာမျိုး၊ ပြည်တွင်းမှာ တည်ဆောက်မှုများပြားလာတဲ့ AC လမ်းများအပေါ် Quality Management စတဲ့ Sustainable road development ၊Bridge Maintenance and Repairing ၊ Housing Barometer စတဲ့ မြို့ပြအိမ်ရာဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ခေါင်းစဉ်များနဲ့ တက်ကြွစွာ ဆွေးနွေး ဖတ်ကြား သွားကြတာကို တွေ့မြင်ရပါကြောင်း၊ စာတမ်းဖတ်ကြားသူ၊ တက်ရောက်နားထောင်သူ များဟာ ဌာနမတူသော်လည်း စာတမ်းပါဌာနရဲ့ ဆောင်ရွက်မှု ထူးခြားချက်တွေကို အခြားဌာနက တက်ရောက်နားထောင်သူများပါ ကြားသိခွင့်ရတဲ့အတွက် ဝန်ကြီးဌာနအတွက် အလွန်အကျိုးရှိ သော စာတမ်းဖတ်ပွဲ တစ်ခုဖြစ်ပါကြောင်း၊ ယခုစာတမ်းများအားလုံးဟာ ပညာရပ်ဆိုင်ရာ အဆင့်အတန်းရှိပြီး၊ လုပ်ငန်းခွင်မှာ လက်တွေ့လိုက်နာစရာ စာတမ်းဖြစ်ပေမယ့် သုတေသနပြု ချက်ပါ လိုက်နာရမယ့် နည်းပညာ၊ နည်းဉပဒေသများကို လုပ်ငန်းများမှာ အသုံးချမှု နည်းနေသေး ကြောင်း၊ တက်ရောက်လာကြတဲ့ ဌာနအသီးသီးက တာဝန်ရှိသူများအနေနဲ့လည်း နည်းပညာများ၊ သုတေသနအချက်အလက်များကို ရုံးချုပ်မှာစုစည်းသိမ်းထားခြင်းမျိုးမလုပ်ပဲ အောက်ခြေလုပ်ငန်း ခွင်များ၌ပါ လက်တွေ့အသုံးချနိုင်အောင် စီစဉ်ကူညီပေးကြဖို့ မှာကြားလိုကြောင်း၊ စာတမ်း(၁၈) စောင်လုံးဟာ တစ်စောင်နှင့်တစ်စောင် မတူညီကြပဲ ထူးခြားတဲ့လိုက်နာစရာတွေ၊ ဆောင်ရွက်စရာ တွေနဲ့ ဌာနကဆောင်ရွက်နေတဲ့ လုပ်ငန်းများအပေါ်မှာ သုံးသပ်သုတေသနပြုလုပ်ထားတာကို တွေ့မြင်ရကြောင်း၊ စာတမ်းဖတ်ပွဲများ ပြုလုပ်ခြင်းဟာ ဝန်ထမ်းများရဲ့ စွမ်းရည်တိုးတက်လာစေဖို့ နဲ့ ဌာနအတွက် နိုင်ငံတော်အကျိုးပြုမယ့် နည်းပညာ၊ အဆင့်မြင့်ပညာတွေ မှီငြမ်းရမယ့် စာတမ်း တွေ ပေါ်ထွက်လာစေဖို့ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအားလုံးရဲ့ ပညာရေးကို ရပ်တန့် မနေစေပဲ ဘွဲ့လွန်မဟာဘွဲ့များ၊ ပါရဂူဘွဲ့များ၊ မွမ်းမံသင်တန်းများ ဆက်လက် တက်ရောက် ဖို့ ပိတ်ပင်ကန့်သတ်ခြင်းမရှိပဲ အားပေးမြေတောင်မြှောက်ပေးလျက်ရှိတဲ့အတွက် ဝန်ထမ်းများ အနေနဲ့ ကိုယ်ရည်ကိုယ်သွေးမြင့်မားလေ တိုင်းပြည်အတွက် အပြန်အလှန်အကျိုးရှိလေ ဖြစ်တဲ့ အတွက် ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းလိုကြောင်း၊ ယနေ့ပြီးမြောက်တဲ့ စာတမ်းဖတ်ပွဲဟာ ပြည့်စုံသော၊ အောင်မြင်သော စာတမ်းဖတ်ပွဲတစ်ခုအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့ပြီဖြစ်တဲ့အတွက် စာတမ်းဖတ်ကြားသူများ၊ စာတမ်းဖတ်ကြားနိုင်ရန် ပံ့ပိုးပေ့းကြတဲ့ ဌာနအကြီးအကဲများနှင့် ပွဲဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
Jan 02 2023