...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲ အခမ်းအနား သို့ တက်ရောက်

ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး ၊ ရာသီဥတုကောင်းမွန်မျှတစေရေး ၊ အိမ်ရာစီမံကိန်း ဧရိယာအတွင်း စိမ်းလန်းစိုပြေစေရေး ၊ သာယာလှပရေး နှင့် ဂေဟစနစ် ဖွံ့ဖြိုးခိုင်မာစေရန် ရည်ရွယ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ် ၊ ဇူလိုင်လ (၅) ရက်နေ့ နံနက် (၀၇:၃၀) အချိန်တွင် ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ၊ ဒက္ခိဏခရိုင် ၊ ဒက္ခိဏသီရိမြို့နယ်ရှိ သုခဝတီအိမ်ရာစီမံကိန်း ဧရိယာအတွင်း၌ ကျင်းပပါသည်။

 အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း ၊ ဆောက်လုပ် ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင် ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေး မှူးများနှင့် နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်း ရှင်များအသင်းချုပ် (MCEF) ၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် (MLCA) နှင့် မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း (MDA) တို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

 ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက သတ်မှတ်နေရာ တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ် ကံ့ကော်ပင်ကို ဦးဆောင်စိုက်ပျိုးပေးပါသည်။

 ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်တို့မှ သတ်မှတ်နေရာများတွင် ကံ့ကော်ပင်များကို စိုက်ပျိုးပေးကြပါသည်။

 ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် အမြဲတမ်းအတွင်းဝန်များ ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အသင်းချုပ်(၃)သင်းမှ ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများ ၊ ညွှန်ကြားရေးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီးတွင် ကံ့ကော်ပင် ၊ ခရေပင် ၊ စိန်ပန်းပင် ၊ ကုက္ကိုလ်ပင် ၊ ပိတောက်ပင် ၊ ငုပင် ၊ ကျွန်းပင် တို့ကို စိုက်ပျိုးကြပါသည်။

 ၎င်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသင်းချုပ် (၃) သင်းမှ ဝန်ထမ်းများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးပေးနေမှုတို့ကို လိုက်လံ ကြည့်ရှုအားပေးပါသည်။

 ယနေ့ကျင်းပသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ၊ ဒက္ခိဏခရိုင် ၊ ဒက္ခိဏသီရိမြို့နယ် ၊ သုခဝတီအိမ်ရာစီမံကိန်းရှိ ပြည်သူ့အငှားအိမ်ရာ ဧရိယာအတွင်း၌ ကံ့ကော် ၊ ခရေ ၊ စိန်ပန်းကြီး ၊ စိန်ပန်းလေး ၊ ကုက္ကိုလ် ၊ ငု ၊ ပိတောက်၊ ကျွန်းပင်၊ အရိပ်ရပင်၊ ပန်းအလှပင် စုစုပေါင်း (၅၀၀) ပင်ကို စိုက်ပျိုးပေးခဲ့ပြီး အလားတူ ရန်ကုန်နှင့် မန္တလေးမြို့ရှိ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများတွင်လည်း သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့နှင့် ပူးပေါင်းပြီး သစ်ပင်များ စိုက်ပျိုးပေးလျှက်ရှိပါသည်။

 ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနှင့် လမ်းဦးစီးဌာနပိုင် လမ်းမကြီးများ၏ လမ်းဘေး ဝဲ / ယာတွင် အရိပ်ရပင် ၊ လေကာပင်နှင့် ကျွန်းပင်များ စိုက်ပျိုးပေးနိုင်ရေးအတွက် သစ်တောဦးစီးဌာနနှင့် တိုင်းဒေသကြီး / ပြည်နယ် လမ်းဦးစီးဌာနတို့ ညှိနှိုင်းပူးပေါင်း၍ အပင်ပေါင်း (၇၇၂၀၀) ပင် စိုက်ပျိုးလျှက်ရှိကြောင်း သိရှိရပါသည်။


  Jul 06 2022