ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ
Charging Station ဖွင့်ပွဲအခမ်းအနား တက်ရောက်ခြင်း၊ ရုံးပြင်ဆင်နေရာ ချထားမှု၊ U-Turn ဆောက်လုပ်နေမှုနှင့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး အဝင်လမ်းအား ကြည့်ရှု့စစ်ဆေး
(၁၈-၅-၂၀၂၃)
လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲအသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည် ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဦးဝင်းဖေ သည် ၂၀၂၃ ခုနှစ် ၊ မေလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာမြို့နယ် ၊ ဒဂုံ - ဧရာအဝေးပြေးယာဉ်ရပ်နားစခန်းနှင့် မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းရှိ Myanmar Brilliance Auto Co.,Ltd မှ ဖွင့်လှစ်သည့် Charging Station ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစာကားပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက် ဒုတိယဝန်ကြီးသည် ရန်ကုန် - မန္တလေး အမြန်လမ်း (ရန်ကုန်- နေပြည်တော်) လမ်းပိုင်းအား လမ်းတစ်လျှောက်ကြည့်ရှုစစ်ဆေးပြီး မိုင်တိုင် ၁၁၅ ဖြူးရှိ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ရုံး ပြင်ဆင်နေရာချထားမှုအား ကြည့်ရှု၍ ရုံးဝန်ထမ်းဖွဲ့စည်းပုံ ၊ ရုံးသုံးပရိဘောဂ အပါအဝင် ရုံးခန်းဖွဲ့စည်းပုံပြည့်မှီရေး ညွှန်ကြားရေးမှူး (မြို့ပြ) မှ စီစဉ်ဆောင်ရွက်ပေးရန် မှာကြားပါသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး သည် အမြန်လမ်း မိုင်တိုင် ၂၀၄ / ၅ နှင့် ၂၀၅ / ၀ အတွင်း U-Turn အဝင်အထွက်နေရာများအား (၁၅၀) မီလီမီတာ ထုအခြေခံလွှာ ကွန်ကရစ်ခင်းခြင်းနှင့် (၃၀၀) မီလီမီတာ ထုမျက်နှာပြင်လွှာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုပြီး တာဝန်ခံညွှန်ကြားရေးမှူး (မြို့ပြ) ၏ တင်ပြချက်အပေါ် ဒုတိယဝန်ကြီးမှ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး ၊ စံချိန်စံညွှန်းပြည့်မှီရေးနှင့် သတ်မှတ်ချိန်ပြီးစီးရေး အလေးထား ဆောင်ရွက်ရန် မှာကြားပြီးနောက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အဝင်လမ်းအား လမ်းတစ်လျှောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါတယ်။

May 19 2023