...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


ဝန်ထမ်းမိသားစုများ၏ သား၊ သမီးများကို ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ ကျင်းပ

နေပြည်တော် ဧပြီ ၂၄

ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏သား၊ သမီးများအား ဘာသာ၊ သာသနာကို တန်ဖိုးထားတတ်စေရန်၊ စာရိတ္တ ကောင်းမွန်ပြီး ထူးချွန်ထက်မြက်သူများ ဖြစ်လာစေရန်နှင့် နွေရာသီကျောင်းပိတ်ရက် ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့်ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ ဌာနကြီးမှူးများ၊ တာဝန်ရှိသူများ၊ ရန်အောင်မြင်ကျောင်းတိုက် ယဉ်ကျေးလိမ္မာ ဓမ္မစာပေသင်တန်းမှ သင်တန်းနည်းပြ ဆရာ၊ ဆရာမများ၊ ဝန်ထမ်း မိသားစုဝင်များ၏ သား၊ သမီးများဖြစ်သည့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ဝန်ထမ်းသား၊ သမီးများကို ယခုလို သင်တန်းဖွင့်လှစ်ပေးခြင်းကြောင့် ဗုဒ္ဓ၏ အဆုံးအမဖြင့် လွှမ်းခြုံကာ ယဉ်ကျေးသော မြန်မာ့လူ့အဖွဲ့အစည်း၏ သိမ်မွေ့သော လူနေမှုပုံစံများ ပျောက်ပျက်မသွားစေရန်အတွက် စာရိတ္တပညာရပ်၊ ပြည်သူ့နီတိ ပညာရပ်များကို အလေးထားသင်ကြား ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့်ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်နှင့်ဇနီးတို့က သင်တန်းသားများကို ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်ရိုးညွှန်းတမ်းစာအုပ်ခုနစ်မျိုး၊ ဗလာစာအုပ်နှင့် ရောင်စုံခဲတံများကို ပေးအပ်ခဲ့ကြသည်။

ယင်းနောက် သင်တန်းနည်းပြဆရာမကြီးက ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ ကြောင်းသိရသည်။


  Apr 25 2023