...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


TollPass RFID Toll Collection System စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာခြင်း

နေပြည်တော် စက်တင်ဘာ ၁၇

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကြိုတင်​ငွေ​ပေးသွင်း၍ အလိုအ​လျောက်​လမ်းအသုံးပြုခ​​ကောက်ခံ​သော စနစ်ကိုအသုံးပြု၍ခရီးသွားလို​သောပြည်သူများအတွက် TollPass RFID စနစ် ကို(၁၇-၉-၂၀၂၆)ရက်နေ့ မှစတင်၍​နေ့စဥ်ပိတ်ရက်မရှိ နံနက် (၉:၃၀)နာရီမှ ညနေ(၄:၃၀)နာရီ အထိ ဖွင့်လှစ်​ရောင်းချတပ်ဆင်​ပေးသွား​တော့မည်ဖြစ်ပါသည်။

​ကနဦးဝန်​ဆောင်မှု​ပေးမည့်​နေရာများမှာ ရန်ကုန်-မန္တလေးအမြန် လမ်းမကြီး၏ (၀မိုင်၇ဖာလုံ) အမှတ်(၃)တိုးဂိတ်၊ (၂၀၁မိုင် ၃ဖာလုံ) စီလမ်းဆုံ တိုးဂိတ်နှင့် (၃၅၂မိုင် ၄ဖာလုံ) စကားအင်းတိုးဂိတ်များရှိ TollPass Counter များဖြစ်ပါသည်။

တပ်ဆင်လိုသည့်ယာဥ်ပိုင်ရှင်များအ​နေဖြင့် TollPass RFID စနစ် အသုံးပြုနိုင်ရန် (၁) စမတ်ဖုန်း Smart Phone (၂) တပ်ဆင်မည့်ယာဥ် (၃)ကညန ယာဥ်မှတ်ပုံတင်(ဝှီးတက်) Vehicle Registration Card (Wheel Tax) တို့ကို ယူ​ဆောင်လာရန်လိုအပ်မည်ဖြစ်ပါသည်။

TollPass မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များအ​နေဖြင့် (၁) Smart Phone ဖြင့် မှတ်ပုံတင်၍ Applicationထည့်သွင်းခြင်း (၂) ယာဉ်အချက် အလက်များအား မှတ်တမ်းတင်ခြင်း(၃) ယာဉ်တွင် RFID Sticker ကပ် ခြင်း (၄) TollPass Unit TPU ၅၀၀၀၀ နှင့်အထက်ကြိုတင်ဖြည့်သွင်းခြင်း (အနည်းဆုံး ၅၀၀၀၀ ကျပ်) (၅) RFID Sticker နှင့် တစ်နှစ်စာဝန်ဆောင်ခအတွက် ၂၀၀၀၀ကျပ် (ကတ်အသစ်တပ်ဆင်တိုင်းပေးဆောင်ရမည်)တို့ကို​ဆောင်ရွက်​ပေးမည်ဖြစ်ပါသည်။ 

TollPass စနစ်တပ်ဆင်ပြီးပါက ရန်ကုန်-မန္တ​လေးအမြန်လမ်းသို့ဝင်​ရောက်ရာတွင် Toll Gate များရှိ TollPass သီးသန့် ယာဥ်​ကြောမှအများဆုံး 20 km/hr နှုန်းဖြင့်​သာမောင်းရမည်ဖြစ်ပြီး ​ယာဥ်ဝင်လာသည်နှင့်တပြိုင်နက် ​မောင်းတံအလိုအ​လျောက်ပွင့်သွားကာ ​လမ်းအသုံးပြုခ​ပေးရန်တန်းစီ​စောင့်ဆိုင်းစရာမလိုဘဲ ဆက်လက်​မောင်းနှင်နိုင်မည်ဖြစ်ပါသည်။ ထိုသို့ဖြတ်သန်းခြင်းအတွက်လမ်းအသုံးပြုခကောက်ခံမည့်စနစ်မှာ တိုးဂိတ်(၂)ခုအ ကြား အကွာအဝေး အတိုင်း လမ်းဦးစီးဌာနကသတ်မှတ်ထား​သော ယာဥ် Class အလိုက်နှုန်းထားများအတိုင်း ကောက်ခံသွားမည်ဖြစ်ပါသည်။ (ဥပမာ-၀ မိုင် အမှတ်(၃) ဂိတ်သို့ ​ရန်ကုန်မှလာသောClass 1 ယာဉ်အတွက် ၁၁၅ မိုင် ဖြူးတိုးဂိတ်အထိ 1500 TPU သတ်မှတ်ဖြတ်​တောက်၍ကောက်ခံပါမည်။ )

TollPass စနစ်အသုံးပြုသူများအ​နေဖြင့် မိမိပေးသွင်းပြီး သော ငွေမှာ TollPass Unit (TPU) စနစ်သို့ ပြောင်းလဲပြီး ဖြစ်၍ ပြန်အမ်းငွေ ထုတ်ယူ၍ မရနိုင်ပါ​ကြောင်းနှင့် RFID Tag(Sticker) များ၏ အာမခံကာလမှာ စတင်ထုတ်​ပေးသည့်ရက်မှ စ၍(၁)နှစ်တိတိဖြစ်ပါသည်။ (၁)နှစ်အတွင်း အလိုအ​လျောက်ပျက်စီးပါက ပြန်လည်လဲလှယ်​ပေးမည်ဖြစ်ပြီး အ​ကြောင်း​ကြောင်း​ကြောင့် ထိခိုက်ပျက်စီးပါက ကျသင့်တန်ဖိုး ​​ပေး​ဆောင်ရမည် ဖြစ်ပါသည် ။ ၁၇-၉-၂၆ ရက်​နေ့စတင်​ရောင်းချရာတွင် ​​ငွေ​ပေး​ချေမှုများကို ​ငွေသားဖြင့်သာလက်ခံမည်ဖြစ်​သော်လည်း မကြာမီ အွန်လိုင်း​ငွေ​ပေး​ချေစနစ်များဖြစ်​သော MMQR , KBZ Pay, AYA Pay, WAVE Pay တို့ဖြင့်​ပေး​ချေနိုင်မည်ဖြစ်ပါသည်။

TollPass RFID စနစ်သည် ယခင်Ez Go ETC စနစ်ကဲ့သို့ Onboard Unit OBU စက်များတပ်ဆင်ပြီး ကတ်များဖြင့်​ကိုယ်တိုင်လာ​ရောက်​ငွေဖြည့်ရန်မလို​တော့ဘဲ အွန်လိုင်း​ငွေလွှဲစနစ်ဖြင့်​TPU ဖြည့်(Top Up)နိုင်ခြင်း၊ ဖုန်းအက်ပ်မှတဆင့်မိမိယာဥ်အတွက် TPU လက်ကျန်၊ဖြတ်သန်းခဲ့​သောခရီး၊ ​လမ်းအသုံးပြုခ TPU ဖြတ်​တောက်မှုတို့ကို အချိန်မ​ရွေးစစ်​ဆေးနိုင်ခြင်းတို့​ကြောင့် ပိုမိုလွယ်ကူ/ကျစ်လျစ်/လုံခြုံစိတ်ချရ​သောစနစ်ဖြစ်ပါသည်။

TollPass စနစ်မှာ ရန်ကုန်မှမန္တ​လေးအထိ အမြန်လမ်းတ​လျှောက် တိုးဂိတ်ကြီး ၆ ဂိတ် အားလွယ်ကူစွာဖြတ်သန်းနိုင်​ရေးအတွက် အချိန်တိုကာလအတွင်းကြိုးပမ်းတပ်ဆင်ရသည့်အတွက် တပ်ဆင်ကာစ ကာလများအတွင်း software error , barrier error များ​ကြောင့် TollPass စနစ်သုံးခရီးသွားပြည်သူများ အဆင်မ​ပြေမှုများရှိခဲ့ပါက ခွင့်လွှတ်ပါရန်နှင့် ​မည်ကဲ့သို့ အဆင်မ​ပြေ​ကြောင်းကို Hotline ဖုန်းနံပတ်များသို့ဆက်သွယ်​ပြောကြား​ပေးရန်ပန်ကြားအပ်ပါသည်။ 

TollPass စတင်တပ်ဆင်လိုသူများနှင့် တပ်ဆင်ပြီးကြုံ​တွေ့ရ​သော အခက်အခဲများကို ​ဖြေရှင်း​ပေး​ရေး ဆက်သွယ်ရန် Hotline: 09792574060 , 09778888861 

ယာဥ်ပိုင်ရှင်များအတွက် စမတ်ဖုန်းအက်ပ် My TollPass Application ​Download ရယူရန် website address: 

https://tollpasshub.com/

Android Phone များအတွက် My TollPass App ရယူရန် link 》》》https://apk.storage.tollpasshub.com/my-tollpass/MyTollPass-Live-1.0.apk

I Phone များအတွက် Web Browser မှတဆင့် MyTollPass ID သို့ဝင်​ရောက်ရန် (App မရှိ​သေးပါ) link 》》》 https://mytollpass.tollpasshub.com/

  Sep 17 2026

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်