ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ
နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ လမ်း ၊ တံတားလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ် ၊ မေလ (၂၂)ရက်နေ့ မွန်းလွဲပိုင်းတွင် Oriental Highway Company Limited မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ရန်ကုန် - မန္တလေးလမ်းတစ်လျှောက် လမ်းနယ်နိမိတ်အတွင်း ကျူးကျော်မှုများမရှိစေရေး လမ်းနယ်အမှတ်အသား ကျောက်တိုင်များအား ယခင် (၄)ဖာလုံ (၁)တိုင် စိုက်ထူထားရှိသော်လည်း ယခု (၁)ဖာလုံအကွာဝေးလျှင် (၁)တိုင်စိုက်ထူရန်၊ လမ်းနယ်နိမိတ်အစွန် တွင် ရေနုတ်မြောင်းများ သတ်မှတ်တူးဖော်ထားရန်နှင့် တာဝန်ရှိသူအဆင့်ဆင့်မှလည်း စဉ်ဆက် မပြတ် ကြပ်မတ်ဆောင်ရွက်ရန် မှာကြားပါသည်။ ၎င်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်-မန္တလေး လမ်းမိုင် (၂၀၅-၁ /၂) ကြားရှိ သာဝတ္ထိတံတားသို့ ရောက်ရှိပြီး တံတားကြံ့ခိုင်မှု အခြေအနေ အား မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးပါသည်။ ဒုတိယဝန်ကြီးမှ တံတားခံနိုင်ဝန် တန်(၆၀)ထက် ပိုမိုတင်ဆောင်သည့်ယာဉ်များ ဖြတ်သန်းသွားလာမှုမရှိစေရေးနှင့် တံတားအကျယ် (၄၈)ပေ ချဲ့ရန် မှာကြားပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်နေသည့် နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ကြို့ပင်သာ-ပေါင်းလောင်း (စစ်တောင်းမြစ်)ကူးတံတား၊ တည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်သို့ရောက်ရှိရာ တာဝန်ခံ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးမှ စီမံကိန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း တင်ပြရာ တံတားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်တို့မှ လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်း တင်ပြ ပါသည်။ ဒုတိယဝန်ကြီးမှ သတ်မှတ်ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းများ၊ လက်ရှိဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများဟူ၍ ခွဲခြား ဆောင်ရွက်ရန်၊ လုပ်ငန်းစီမံချက်နှင့် လုပ်ငန်းတိုးတက်ပြီးစီးမှု ကိုက်ညီမှုရှိရန် အသေးစိတ် မှာကြားပြီး အဆိုပြုတံတားအူကြောင်း သတ်မှတ်ရွေးချယ်ထားရှိမှုနှင့် တံတားရေလည်တိုင်များ ဆောင်ရွက်နေမှုအား မြေပြင်ကွင်းဆင်း စစ်ဆေးပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်လယ်ဝေးမြို့နယ်၊ ရုံးပင်-အေးချမ်းသာ ဆက်သွယ် ထားသောလမ်းပေါ်တွင် တံတားဉီးစီးဌာန ၊ တည်ဆောက်ရေးအဖွဲ့(၂) ၊ တံတားအထူးအဖွဲ့ (၆) မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးလက်ရန်ပုံငွေဖြင့် တာဝန်ယူတည်ဆောက်မည့် စစ်တောင်း မြစ်ကူးတံတား (ရုံးပင်-အေးချမ်းသာ) စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ ဒုတိယညွှန်ကြား ရေးမှူး (မြို့ပြ) ဦးအောင်ကျော်ထိုက်မှ စစ်တောင်းမြစ်ကူးတံတား (ရုံးပင်-အေးချမ်းသာတံတား) တည်ဆောက်နေမှု အခြေအနေနှင့် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်တွင် တည်ဆောက်ပြီးဖြစ်သည့်
မြစိမ်းရောင်မေတ္တာပေါင်းကူးတံတား ကြံ့ခိုင်မှုနှင့် ထိန်းသိမ်းမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး တံတားဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် တို့မှ လိုအပ်သည်များ ဖြည့်စွက်တင်ပြပါသည်။ ဒုတိယဝန်ကြီးမှ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မှီရေး ၊ သတ်မှတ်ဘဏ္ဍာရေးနှစ်တွင် အချိန်မီပြီးစီးရေးတို့အား မှာကြား ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် စစ်တောင်းမြစ်ကူးတံတား (ရုံးပင် - အေးချမ်းသာ) တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးပါသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်းတည့်ခွင်-ကျည်တောင်-ခေါမ-ညောင်ပင်သာ လမ်းအား သွားရောက်စစ်ဆေးပြီး လမ်းပေါ်ရှိ တည်ဆောက်ပြီး တံတားအမှတ် ၃/၁၆ အတွက် ချဉ်းကပ်လမ်းလုပ်ငန်းဆောင်ရွက်မည့် အခြေအနေနှင့် ပေါင်းလောင်းမြစ်အား ဖြတ်သန်းတည် ဆောက်မည့် ကျည်တောင် - သာယာဝှမ်းတံတားနေရာသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
May 26 2022