...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

တံတားဦးစီးဌာန / သတင်းများ


ရန်ကုန်- မန္တလေးပြည်ထောင်စုလမ်းပေါ်ရှိ ဘောဂသီရိကားကြီးဝင်းရှေ့လမ်းဆုံနှင့် ဆင်သေ ချောင်းတံတား (ကျောက်ချက်) ၄-လမ်းသွားတိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဝင်းဖေသည် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၃ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းပေါ်ရှိ မိုင်တိုင် ၂၂၂/၀- ၂၂၂/၁ ရှိ ဆင်သေချောင်း တံတား(ကျောက်ချက်) ၄ လမ်းသွား တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအားကြည့်ရှု စစ်ဆေးရာ လမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမှ တံတားချဉ််းကပ် လမ်းအတွက် ၄ လမ်းသွား လမ်းအဖြစ်တိုးချဲ့ဆောင်ရွက်မည့် စီမံချက်အားရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ မြို့အဝင်လမ်း ဆုံနေရာဖြစ်၍ လမ်းပိုင်းအလိုက် ယာဉ်သွားလာမှု အရေအတွက်၊ မီးပွိုင့်သတ်မှတ်ချက်၊ Free way သတ်မှတ်ချက်၊ လမ်းညွှန်အမှတ်အသား ဆိုင်းဘုတ်များ သတ်မှတ်ချက်နှင့် လမ်းနယ်နိမိတ် သတ်မှတ်ချက်တို့အား စနစ်တကျ ဆောင်ရွက်ရန် မှာကြားပါသည်။

 ဆက်လက်၍ မူလဆင်သေချောင်းတံတားဟောင်းမှ တံတားသံဘောင်များအား ဖြုတ်သိမ်း၍ ယခင် ၂ လမ်းသွားမှ ၄ လမ်းသွားအဖြစ် တိုးချဲ့ဆောက်လုပ်မည့် အခြေ အနေအား တံတားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းမြင့်မှ ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးမှ ယာဉ်သွားလာ အသုံးပြုမှုများပြားသည့်အတွက် အချိန်တိုတွင်း ပြီးစီးအောင် ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စံချိန် စံညွှန်းပြည့်မှီရေး နှင့် လက်ရာသေသပ်ကောင်းမွန်ရေး အထူးဂရုပြု ဆောင်ရွက်ရန်မှာကြား ခဲ့ကြောင်းသတင်း ရရှိပါတယ်။


  Apr 28 2023