...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

အဆောက်အဦဦးစီးဌာန / သတင်းများ


ဒုတိယဝန်ကြီး ဦးမျိုးမြင့် ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် မန္တလေးတက္ကသိုလ် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၈

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် မန္တလေးတက္ကသိုလ် ပင်မဆောင်မူလပုံစံမပျက် ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးဗိသုကာဆိုင်ရာ လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းဇော်၊ ဒုတိယပါမောက္ခချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မန္တလေးတက္ကသိုလ်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ မြန်မာမြို့ပြနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း (MDA)မှ တာဝန်ရှိသူများက မန္တလေးတက္ကသိုလ်ပင်မဆောင်၏ ဗိသုကာပုံစံနှင့် လက်ရှိပျက်စီးမှုအခြေအနေ၊ မူလပုံစံမပျက်ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက မူလဗိသုကာလက်ရာများ မပျက်စီးရေး၊ အသုံးပြုမည့်ပစ္စည်းများ အရည်အသွေးပြည့်မီစေရေး၊ စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ချိန်အတွင်း ပြီးစီးရေးတို့ကိုမှာကြားပြီး လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရတနာပုံတက္ကသိုလ်၌ Recreation Center Footing လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ Ground Floor Long Column ‌ကျောက် လောင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ Short Column လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ Plinth Beam သံဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် Retaining Wall အုတ်စီခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက နှစ်အလိုက်ဆောင်ရွက်ရမည့်လုပ်ငန်းများ သတ်မှတ်ချိန်အတွင်းပြီးစီးရေးနှင့် အသုံးပြုမည့် ဆောက်လုပ်ရေးပစ္စည်းများ သတ်မှတ်အရည်အသွေး ပြည့်မီရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

  Sep 09 2025

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်