...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr. Vinay Kumar အား လက်ခံတွေ့ဆုံ

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr. Vinay Kumar အား ၂၀၂၃ ခုနှစ် ၊ ဧပြီလ (၃) ရက်နေ့ (၁၅:၃၀) အချိန်တွင် နေပြည်တော် ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

 ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ - အိန္ဒိယနှစ်နိုင်ငံလမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ၊ နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်ချောမွေ့၍ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက်လာစေပြီး ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး တို့အတွက် အိန္ဒိယနိုင်ငံ၏အကူအညီ အထောက်အပံ့ (Grant Aid) ဖြင့် ဆောင်ရွက်သော ပလက်ဝ - ဇိုရမ်ပူလမ်း အဆင့်မြှင့်တင်ခြင်း ၊ ယာကြီး - ကလေးဝလမ်းအပိုင်းအား အဆင့်မြှင့်တင်ခြင်း ၊ တမူး - ကျီကုန်း - ကလေးဝ လမ်းပေါ်ရှိ တံတား (၆၉) စင်း ပြုပြင်ထိန်းသိမ်းခြင်းနှင့် အသစ် တည်ဆောက်မည့် လုပ်ငန်းအစီအစဉ်များ ၊ တမူးနယ်စပ်ဂိတ်၌ အဆင့်မီဘက်ပေါင်းစုံ စစ်ဆေးရေး ဂိတ် (Integrated Check Post) တည်ဆောက်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပါသည်။

 တွေ့ဆုံဆွေးနွေးပွဲသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး နှင့်အတူ အမြဲတမ်းအတွင်းဝန် ၊ လမ်းဦးစီးဌာန နှင့် တံတားဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။


  Apr 04 2023