...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်တို့အား ဆက်သွယ်ထားသည့် လမ်းကွန်ရက်များနှင့် တံတားများ အဆင့်မြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း သား၊ သမီးများ၏ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁၁)၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးဝင်းဖေ တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်ဇနီးတို့က သင်တန်းနည်းပြဆရာမကြီးများကို ဂုဏ်ပြုမှတ်တမ်းချီးမြှင့်ပြီး အလယ်တန်းအဆင့် ယဉ်ကျေးလိမ္မာသင်တန်းသားများကို ကျောင်းစိမ်းလုံချည်များ ပေးအပ်လှူဒါန်းကာ အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော်နှင့်ဇနီးတို့က မူလတန်းအဆင့် ယဉ်ကျေးလိမ္မာ သင်တန်းသားများကို ကွန်ပါဘူးများ ပေးအပ်လှူဒါန်းသည်။

 ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း (China-Myanmar Economic Corridor) (CMEC)နားလည်မှုစာချွန်လွှာအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပေါင်စန်းပြည်နယ်ခွဲ ပါတီကော်မတီအတွင်းရေးမှူး မစ္စတာယန်ကျင်း၊ ထိန်ချုံး - မြစ်ကြီးနား လမ်းဆက်ဆံရေးရုံး ညွှန်ကြားရေးမှူး မစ္စတာကျောင့်ကျီဟွေ့တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များကို နေပြည်တော် ဆောက်လုပ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်တို့အား ဆက်သွယ်ထားသည့် လမ်းကွန်ရက်များနှင့် တံတားများ အဆင့်မြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် ဆွေးနွေးခဲ့ကြပြီး အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ခဲ့ကြောင်း သိရသည်။

  May 02 2023