...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်သည့် ဗုဒ္ဓဥယျာဉ်သို့ တိုက်ရိုက်ဝင်/ထွက်နိုင်သည့် လမ်းအား ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် သည် ဒုတိယဝန်ကြီး ဦးဝင်းဖေ နှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော် ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၀၄/၁)မိုင် မှ ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ၊ ဒက္ခိဏသီရိမြို့နယ်၌ ကမ္ဘာ့အကြီးဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်သည့် ဗုဒ္ဓဥယျာဉ်သို့ တိုက်ရိုက် အဝင်/အထွက် ပြုလုပ်နိုင်သည့် လမ်းပိုင်း (၃၀၈၄) ပေအား (၄)လမ်းသွား ကတ္တရာ ကွန်ကရစ်ခင်းနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပါသည်။

 ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော် ၊ ဒက္ခိဏခရိုင် ၊ လမ်းဦးစီးဌာနမှ ဆောင်ရွက်နေသော ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးမှ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မုခ်ဦးအဝင်နှင့်ဆက်စပ်မည့် လမ်းအပိုင်းအား ကတ္တရာကွန်ကရစ်ခင်းနေမှု အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီး က ကတ္တရာကွန်ကရစ်ခင်းရာတွင် အရည်အသွေးကောင်းမွန် စေရေး ၊ စံချိန်စံညွှန်းပြည့်မီရေး ၊ သတ်မှတ်ချိန်အတွင်းပြီးစီးရေး အလေးထားဆောင်ရွက်ရန် ၊ ကတ္တရာကွန်ကရစ်ခင်းပြီးပါက ထိန်းသိမ်းရေးအပိုင်းကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်နှင့် လမ်းလယ်ကျွန်း ၊ ရေမြောင်းများ စနစ်တကျ ဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူ များအား ရှင်းလင်းမှာကြားပါသည်။

 ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် (၂၀၄/၁) မှ ယခုဖောက်လုပ်ထားသည့် လမ်းပိုင်းနှင့် ဆက်စပ်ရန်အတွက် အမြန်လမ်းအား (၂) လမ်းသွား မှ (၄)လမ်းသွားသို့ တိုးချဲ့ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို မြေပုံကားချပ်ဖြင့် ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီး က ဖြည့်စွက်ရှင်းလင်းတင်ပြမှုတို့အပေါ် ပြည်ထောင်စုဝန်ကြီး က အမြန် လမ်းမကြီးနှင့်ချိတ်ဆက်မည့် အဝင်/အထွက်လမ်းအပိုင်းတွင် ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ် ကင်းရှင်းရေး လမ်းညွှန်အမှတ်အသားများ၊ သတိပေး ၊ အသိပေးဆိုင်းဘုတ်များ ဆောင်ရွက်ထားရန် ၊ လုပ်ငန်းဆောင်ရွက်နေစဉ် ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းရေး အထူးဂရုပြုဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရှိရပါသည်။


  Jan 02 2023