...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကတာဝန်သိစိတ်ဓာတ်ဖြင့်ပူးပေါင်းဆောင်ရွက်ရန် ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင် မှာကြား

ဖလမ်း အောက်တိုဘာ ၁၂

ဒေသဖွံ့ဖြိုးရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက တာဝန်သိစိတ်ဓာတ်ဖြင့် လုပ်သင့်လုပ်ထိုက်သည်များ ပူးပေါင်းဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်က ယနေ့တွင် ဖလမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဖလမ်းမြို့နယ် ရပ်ကွက် ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များနှင့်တွေ့ဆုံစဉ် မှာကြားသည်။

ထို့အတူ ချင်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိသည့်အခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး တာဝန်ရှိသူများက ဝက်သက်/ဂျိုက်သိုးကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်များ၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များက မိမိတို့ရပ်ကွက်/ကျေးရွာအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်လမ်းပန်းဆက်သွယ်ရေးလိုအပ်ချက်များ တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါတွေ့ဆုံပွဲတွင် တက်ရောက်လာကြသည့် ဒေသခံများကို ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက ကွန်ပေါင်းဓာတ်မြေဩဇာ အထုပ် ၇၀၊ ကော်ဖီမျိုးစေ့ ငါးကီလို အိတ် ၁၀ အိတ်၊ ဟင်းသီးဟင်းရွက်မျိုးစေ့ ၂၃၆ ထုပ်၊ ဆီထွက်ပဲပုပ် တစ်တင်း၊ နှမ်းမျိုးကောင်းမျိုးသန့် ရှစ်ပြည်ပေးအပ်ခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယဝန်ကြီးသည် နယ်မြေခံတပ်မှတာဝန်ရှိသူများနှင့်အတူ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဆူရ်ဘုန်လေဆိပ်အဆောက်အအုံများ တစ်စိတ်တစ်ပိုင်းပျက်စီးမှု၊ လေယာဉ်ပြေးလမ်းအချက်ပြမီးများ ဖျက်ဆီးခံရမှု၊ လေကြောင်းထိန်းစက်ပစ္စည်း ပျက်စီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ကြောင်း သိရသည်။ 

  Oct 14 2026

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်