...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


ဖလမ်းမြို့တွင်း ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းပြီးစီးမှုအခြေအနေများ လိုက်လံကြည့်ရှုစစ်ဆေး

ဖလမ်း ‌အောက်တိုဘာ ၂၂

ချင်းပြည်နယ်အတွင်း ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး‌ဒေါက်တာသောင်းနိုင်သည် အောက်တိုဘာ(၂၁) ရက်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့်ပြန်လည် တည်ဆောက်ရေးအဖွဲ့ဝင်များနှင့်အတူ ဖလမ်းမြို့တွင်းပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းပြီးစီးမှုအခြေအနေများ လိုက်လံကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့်အဖွဲ့သည် ဖလမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ၂ခန်းတွဲ ၂ ထပ် ဝန်ထမ်းအိမ်ရာနှင့် အမှုဆောင်အရာရှိ အိမ်ရာပြုပြင်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ လမ်းဦးစီးဌာနပိုင် ပစ္စည်းဂိုဒေါင်ပြုပြင်ပြီးစီးမှုနှင့် ပစ္စည်းသိုလှောင်ထားရှိမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။ ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့နယ်ပညာရေးမှူးရုံးသို့ရောက်ရှိကြပြီး ဖလမ်းခရိုင်နှင့်မြို့နယ် ပညာရေးဝန်ထမ်းများနှင့်တွေ့ဆုံကာ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ရာခိုင်နှုန်း မြင့်မားရေးအတွက်အထူးကြပ်မတ်ဆောင်ရွက်ရန်မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ကာသင်တန်းကျောင်းပြန်လည် ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများနှင့် ရိုးရာဂျပ်ခုတ်သင်တန်း စတင်သင်ကြားပေးနေမှုအားကြည့်ရှုအားပေးပြီး သင်တန်းဆောင်များ ပြုပြင်ပြီးစီးမှုအခြေအနေများကိုကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အောက်တိုဘာလ(၂၂) ရက်မွန်းလွဲပိုင်းတွင် ဖလမ်းမြို့ ပြည်သူ့ဆေးရုံတွင် ဖလမ်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တို့အား ကျန်းမာရေး စစ်ဆေးပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့်ဖလမ်းခရိုင်လမ်းဦးစီးဌာန၊ ၃ထပ်ဆောင်တွင် ဖလမ်းခရိုင်/မြို့နယ် တရားရုံး ဖွင့်လှစ်ထားမှု အခြေအနေအားလည်းကောင်း၊ ဖလမ်းမြို့နယ် သမဝါယမဦးစီးဌာနရုံး အဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာပြုပြင်ပြီးစီးမှု အခြေအနေအားလည်းကောင်း၊ ဖလမ်းခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ ပြုပြင်ပြီးစီးမှုအခြေအနေအားလည်းကောင်း၊ ဖလမ်းခရိုင်စုံစမ်း စစ်ဆေးရေးဦးစီးဌာနရုံး အဆောက်အအုံပြုပြင် ပြီးစီးမှုအခြေအနေအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အဆောက်အဦများပြုပြင်ရာတွင် ထွက်ရှိလာသည့် ဆယ်တင်ပစ္စည်းများ ပြန်လည်အသုံးပြုရန်နှင့် စနစ်တကျသိမ်းထားရှိရန်၊ ရုံးလုပ်ငန်းများစနစ်တကျလည်ပတ်နိုင်ရေး စီမံဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။

  Oct 29 2026

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်