အသိပေးကြေညာချက်များ
ကုမ္ပဏီများကန်ထရိုက်မှတ်ပုံတင်လက်မှတ်အသစ် ပြောင်းလဲထုတ်ပေးမည့် အစီအစဉ်
၁။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကုမ္ပဏီများကန်ထရိုက်မှတ်ပုံတင်ရေးလုပ်ငန်းကော်မတီသည် ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်လိုသောကုမ္ပဏီများအား အရည်အသွေးပိုမိုကောင်းမွန်၍ လုံခြုံစိတ်ချမှုရှိသော ကန်ထရိုက်မှတ်ပုံတင်ကတ်အသစ်များကို (၁.၄.၂၀၂၃)ရက်နေ့မှ စတင်ပြောင်းလဲ ထုတ်ပေးသွားမည် ဖြစ်ပါသည်။
၂။ ကုမ္ပဏီကန်ထရိုက်မှတ်ပုံတင်လက်မှတ် အသစ်လျှောက်ထားခြင်းအတွက်
(၁)ကတ်လျှင် မှတ်ပုံတင်ကြေး ကျပ် ၁၀၀,၀၀၀/- (ကျပ်တစ်သိန်းတိတိ)၊
သက်တမ်းတိုးလျှောက်ထားခြင်းအတွက်
(၁)ကတ်လျှင် မှတ်ပုံတင်ကြေး ကျပ် ၅၀,၀၀၀/- (ကျပ်ငါးသောင်းတိတိ) ကောက်ခံသွားမည် ဖြစ်ပါသည်။
၃။ သို့ဖြစ်ပါ၍ ကန်ထရိုက်မှတ်ပုံတင်လက်မှတ်လျှောက်ထားလိုသည့် ကုမ္ပဏီများသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၏ Bank Account- Account Name - အဆောက်အဦဦးစီးဌာန (ရုံးချုပ်)၊ Account Number - (MD-012940)၊ မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော် သို့ မိမိဆောင်ရွက်မည့်မှတ်ပုံတင်ကြေးငွေပေးသွင်းပြီး ငွေသွင်းထားသော ချလံနှင့်အတူ လျှောက်ထားနိုင်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။
ကုမ္ပဏီများကန်ထရိုက်မှတ်ပုံတင်ရေးလုပ်ငန်းကော်မတီ
ဆောက်လုပ်ရေးဝန်ကြီးဌာန
Mar 31 2023