...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

လမ်းဦးစီးဌာန / သတင်းများ


ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ကြတ်ချောင်းတံတား Toll Wall မြေကာနံရံပြင်ဆင်နေမှုနှင့် ရန်ကုန် - မန္တလေးလမ်းဟောင်း တောင်ငူ - မိတ္ထီလာလမ်းတစ်လျှောက်ရှိ လမ်းဘေး ဝဲ၊ ယာ သစ်ပင်စိုက်ပျိုးနေမှု ကြည့်ရှုစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၉၉ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ပျက်စီးခဲ့သည့် ကြတ်ချောင်းတံတား၏ ရန်ကုန်ဘက်ကမ်း (A1) Median Wall အောက်ခြေ Toll Wall ကို ယာယီအစီအစဉ်ဖြင့် မျောရိုက်၍ဝါးကပ်ကာ သဲအိတ်ဖြည့်စီမြေကာနံရံဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မိုးရာသီကုန်ဆုံးပါက ရေလမ်းကြောင်း အကျယ်လုံလောက်မှုရှိစေရေး ရနိုင်သလောက်ချဲ့ပေးရန်နှင့် ပြိုကျနေသောအပိုင်းများကို သိမ်းဆည်းပြီး RC နံရံအသစ်ဖြင့် တည်ဆောက်ရန်မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၁၅ ရှိ ဖြူးတိုးလ်ဂိတ်လမ်း အသုံးပြုခကောက်ခံနေမှုကိုလည်းကောင်း၊ ၁၁၅ မိုင် ယာဉ်ရပ်နားစခန်း အတွင်း၌ ရာဇာမင်းကုမ္ပဏီမှ တည်ဆောက်လျက်ရှိသည့် EV Charging Station ကိုလည်းကောင်း၊ အုတ်တွင်းမီနီတိုးလ်ဂိတ်နှင့် အုတ်တွင်း-တောင်ငူကြားရှိ ဟင်းငုတ်ပင် တိုးလ်ဂိတ်တို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တောင်ငူခရိုင် လမ်းဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် တောင်ငူခရိုင် လမ်းဦးစီးဌာနများမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) များက ဝန်ထမ်းဖွဲ့စည်းပုံ၊ စက်၊ ယာဉ်၊ ယန္တရားများနှင့် လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြပြီး လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အင်ဂျင်နီယာချုပ်များက ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဝန်ထမ်းများ၏ တင်ပြချက်များနှင့် လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် BOT ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ BOT လမ်းများကို နှစ်အလိုက်စီမံချက်ပါအတိုင်း ဆက်လက်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲသည့် ရန်ကုန်-မန္တလေး လမ်းဟောင်းဖြစ်သည့် တောင်ငူ-ရေတာရှည်လမ်းပိုင်းနှင့် ရမည်းသင်း - ပျော်ဘွယ်လမ်းပိုင်း လမ်းဘေး ဝဲ၊ ယာ၌ စိုက်ပျိုးထားသည့် သစ်ပင်များအကြား ကွက်လပ်ဖြစ်နေသည့် နေရာများတွင် ပျိုးပင်ကြီးများ အစားထိုးပြန်လည် စိုက်ပျိုးနေမှုများကိုလည်းကောင်း၊ လယ်ဝေး - ပျဉ်းမနားလမ်းပိုင်း လမ်းဘေး ဝဲ၊ ယာ၌ ပေါင်းရှင်းနေမှုကိုလည်းကောင်း၊ မိတ္ထီလာမြို့ရှောင်လမ်း လမ်းဘေး ဝဲ၊ ယာ၌ သစ်ပင်စိုက်ပျိုးနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

  Sep 11 2024