...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


Mini Lab သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ ဖွင့်လှစ်သည့် Mini Lab သင်တန်း ဖွင့်ပွဲကို တက်ရောက်သည်။

သင်တန်းဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက ယခု Minin Lab သင်တန်းသို့ သင်တန်းတက် ရောက်လာသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ သင်တန်းသား သင်တန်းသူများအနေဖြင့် လမ်း၊ တံတားတည်ဆောက်ရေး လုပ်ငန်းများတွင် အသုံးပြုသည့် တည်ဆောက်ရေး လုပ်ငန်းသုံး ပစ္စည်းများ၏ အရည်အသွေး ပြည့်မီမှု ရှိ မရှိ၊ Concrete Strength များ ပြည့်မီမှု ရှိ မရှိ တို့ကို ခွဲခြားစိစစ်နိုင်ခြင်းသည် အရေးကြီးလုပ်ငန်းဖြစ်ကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနအနေဖြင့် နှစ်စဉ်ရန်ပုံငွေ လျာထား၍ ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင်လည်း Mini Lab များ ဖြန့်ခွဲထားရှိနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး စင်တာ(နေပြည်တော်)ကို ယခုစတင်ဖွင့်လှစ်ချိန်တွင် မြေနမူနာများ စမ်းသပ်ရန် Soil Lab တွင် မြေစမ်းစက်ရှစ်လုံး ဝယ်ယူထားရှိပြီးဖြစ်ကြောင်း၊ တည်ဆောက်ပြီး တံတားများ၏ အရည်အသွေးကို Non Destructive Test စစ်ဆေး ခြင်း၊ Bore Pile များ၏ အရည် အသွေးဆိုင်ရာ SIT-Test စစ်ဆေး ခြင်း၊ ကွန်ကရစ်အရည်အသွေး စမ်းသပ်စစ်ဆေးခြင်း စသည့်လုပ်ငန်းသုံး ပစ္စည်းများအား နိုင်ငံတော်မှ ဘဏ္ဍာနှစ်အလိုက် ဝယ်ယူခွင့်ပြုပြီးဖြစ်သဖြင့် သင်တန်းသားများအနေဖြင့် စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြရန်လိုကြောင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်း၏ အကျိုးကျေးဇူးအနေဖြင့် လုပ်ငန်းများတွင် အရည်အသွေးပြည့်မီသော လုပ်ငန်းသုံးပစ္စည်းများ အသုံးပြုနိုင်ခြင်း၊ ကုန်ကျစရိတ်သက်သာပြီး ခိုင်ခံ့သော လမ်း၊ တံတား ဒီဇိုင်းများ ရေးဆွဲနိုင်ခြင်းနှင့် ဒေသထွက် တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်း အမျိုးမျိုးဖြင့် Mix Design တွက်ချက်၍ ခံနိုင်ဝန်ပြည့်မီသော လမ်း၊ တံတားများ တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။


  May 16 2022