...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank) ၏ (၁၂) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတက်ရောက်

နေပြည်တော် နိုဝင်ဘာ ၃၀

ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်) (CHID Bank) ၏ (၁၂) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) ၌ ကျင်းပသည်။

အခမ်းအနားသို့ CHID Bank နာယက ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ CHID Bank ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘဏ်အစုရှယ်ယာရှင်များ၊ စာရင်းစစ်အဖွဲ့မှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဘဏ်မှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်နာယက ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း ဒါရိုက်တာအဖွဲ့ဝင်များ၊ စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ဘဏ္ဍာရေးစွမ်းဆောင်ရည်တွင် အမြတ်ငွေများကို ယခင်ဘဏ္ဍာရေးနှစ်ထက် ၉၄ ရာခိုင်နှုန်း တိုးတက်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီး Final Indicators များ ပိုမိုအားကောင်းလာအောင် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ စီမံခန့်ခွဲမှုအပိုင်းတွင် ISO 9001 : 2015 Quality Management System အသိမှတ်ပြုလက်မှတ်ကို ပထမဦးဆုံးရယူနိုင်ခဲ့သည့် ဘဏ်တစ်ခုအဖြစ် ဂုဏ်ယူဖွယ်ရာတွေ့မြင်ရပါကြောင်း။

မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး Regulatory Bodies များ၊ အစိုးရအဖွဲ့အစည်းများ၊ ဆောက်လုပ်ရေးကဏ္ဍ၊ အိမ်ရာကဏ္ဍနှင့် အခြေခံအဆောက်အအုံကဏ္ဍဖွံ့ဖြိုး ရေးဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်လည်း ယခုထက် ပိုမို၍ ပူးပေါင်းဆောင်ရွက်သွားရန်လိုပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း CHID ဘဏ်ကြီးတိုးတက်အောင်မြင်ရေးအတွက် မူဝါဒနှင့်အညီ အဘက်ဘက်မှ ပံ့ပိုးကူညီပေးလျက်ရှိပြီး ရှေ့ဆက်လက်၍လည်း ကူညီပေးသွားမည်ဖြစ်ပါကြောင်း။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဘဏ်လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဘဏ်၏ဒါရိုက်တာအဖွဲ့ဝင်များ၊ Shareholder များ၊ Customer များနှင့် ဘဏ်ဝန်ထမ်းများအနေဖြင့် CHID ဘဏ်ကြီး ယခုထက်ပိုမိုခိုင်မာအောင်မြင်စွာ ရပ်တည်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ဘဏ်အမှုဆောင်အရာရှိချုပ်နှင့် စာရင်းစစ်အဖွဲ့မှ တာဝန်ရှိသူများက ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဘဏ်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ဆက်လက်ဆောင်ရွက်မည့် ဘဏ်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

အစီအစဉ်အရ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဘဏ်၏ပြင်ပစာရင်းစစ် အစီရင်ခံစာကို တင်ပြအတည်ပြုချက်ရယူခြင်း၊ ဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင်များ နုတ်ထွက်ခြင်း၊ ဒါရိုက်တာအဖွဲ့ဝင်သစ်များကို အစုရှယ်ယာရှင်များ၏ ဆန္ဒမဲဖြင့် ရွေးချယ်ခန့်အပ်ခြင်းနှင့် အမည်စာရင်းအတည်ပြုကြေညာခြင်း၊ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ပြင်ပစာရင်းစစ်ခန့်အပ်ခြင်း၊ အခကြေးငွေသတ်မှတ်ခြင်း၊ အစုရှယ်ယာရှင်များမှ ကြိုတင်ပေးပို့ထားသော မေးခွန်းများနှင့် အကြံပြုချက်များ ပြန်လည်ဖြေကြားခြင်း၊ ငွေကြေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ (၈၅) အရ စာရင်းစစ်ကော်မတီဝင်များခန့်အပ်ခြင်း၊ အတည်ပြုချက်ရယူခြင်းနှင့် အမည်စာရင်းကြေညာခြင်းတို့ကို အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

  Dec 03 2025

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်