လမ်းဦးစီးဌာန / သတင်းများ
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း)ရှိ တိုးလ်ဂိတ်များ ကြည့်ရှုစစ်ဆေး
နေပြည်တော် မေ ၈
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး (နေပြည်တော် - ရန်ကုန် လမ်းပိုင်း) ပေါ်ရှိ တောင်ငူတိုးလ်ဂိတ်၊ ဖြူးတိုးလ်ဂိတ်၊ ဒရယ်မီးတိုးလ်ဂိတ်၊ ဘောနက်ကြီးတိုးလ်ဂိတ်၊ အမှတ် (၃) တိုးလ်ဂိတ်တို့မှ လမ်းအသုံးပြုခကောက်ခံနေသည့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် ဂိတ်တာဝန်ခံများက တိုးလ်ဂိတ်များတွင် ရေ၊ မီးရရှိမှု ၊ CCTV တပ်ဆင်အသုံးပြုမှု၊ Computer စနစ်ဖြင့် လမ်းအသုံးပြုခကောက်ခံဆောင်ရွက်နေမှု၊ လမ်းအသုံးပြုခကောက်ခံရရှိမှုများကို စာရင်းဇယားများနှင့်တကွ ရှင်းလင်းတင်ပြသည်။
ကြပ်မတ်ဆောင်ရွက်
တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက တိုးလ်ဂိတ်များ၌ လမ်းအသုံးပြုခ ကောက်ခံရာတွင် ယာဉ်စာရင်းအရေအတွက်နှင့် ကောက်ခံရရှိငွေ မှန်ကန်စွာ စာရင်းရေးသွင်းရေး၊ ကောက်ခံရရှိငွေများ လေလွင့်ပျောက်ဆုံးမှုမရှိစေရေး၊ တိုးလ်ဂိတ်အားလုံး CCTV Computer စနစ်ဖြင့် ဆောင်ရွက်စေပြီး လျှပ်စစ်မီးမပြတ်တောက်စေရေး၊ ကောက်ခံရရှိငွေစာရင်းဇယားများ ပြုလုပ်ရာတွင် ရုံးချုပ်မှ သတ်မှတ်ထားသည့် ပုံစံအတိုင်း လိုက်နာဆောင်ရွက်ရေး၊ တိုးလ်ဂိတ်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ပြီး ဥပဓိရုပ် ကောင်းမွန်စေရေးတို့ကို တာဝန်ရှိသူများက အလေးထားကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
May 23 2024