...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


ဒုတိယဝန်ကြီး၏ လမ်းပိုင်းများ၊ တံတားများ၊ တိုးလ်ဂိတ်များ ကြည့်ရှုစစ်ဆေးသည့်သတင်း

နေပြည်တော် မတ် ၂၂

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာတာဝန်ရှိ သူများလိုက်ပါလျက် ၂၀၂၄ခုနှစ် ၊ မတ်လ(၂၂)ရက် နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ပဲခူးလမ်းပိုင်း)ရှိ စီလမ်းဆုံတိုးလ်ဂိတ် လမ်းအသုံးပြုခ ကောက်ခံနေသည့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ နေပြည်တော် ကောင်စီနယ်မြေ၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) နှင့် တိုးလ်ဂိတ်တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။

 ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လမ်းအသုံးပြုခကောက်ခံရရှိငွေများ အပြည့်အဝရရှိရေး၊ နိုင်ငံတော်ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ ငွေကြေးမသမာမှု မဖြစ်စေရေး၊ CCTV နှင့် Computer စနစ်ဖြင့်ဆောင်ရွက်ပြီး လက်လုပ်ပြေစာများ လုံးဝအသုံးမပြု စေရေး ၊ CCTV နှင့် Computer စနစ်များ ပျက်စီးပါက အမြန်ပြုပြင်ဆောင်ရွက်ရေး၊ တိုးလ်ဂိတ်တိုင်းတွင် (၂၄)နာရီ လျှပ်စစ်မီးရရှိရေး၊ တိုးလ်ဂိတ်များ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် သန့်ရှင်းသပ်ရပ်အောင် ဆောင်ရွက်ထားရှိရေး ၊ အမြန်လမ်းပိုင်းတိုးလ်ဂိတ်များအား သက်ဆိုင်ရာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)များ နှင့် တိုင်းဒေသကြီးညွှန်ကြားရေးမှူး (မြို့ပြ)တို့မှ အမြဲမပြတ် စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်းမှာကြားပါသည်။

 ၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် အမှတ်(၁၉၆/၆) နှင့် (၁၉၆/၇) ကြားရှိ ရုံးပင်ချောင်းတံတား၊ မိုင်တိုင်အမှတ် (၁၇၆/၆) နှင့် (၁၇၆/၇) ကြားရှိ ဖိုးလုံးချောင်းတံတား ၊ မိုင်တိုင်အမှတ်(၁၄၅/၃) နှင့် (၁၄၅/၄) ကြားရှိ ခပေါင်းတံတားတို့၏ တံတားကြံ့ခိုင်ရေး ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးရာ တံတားဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေ နှင့် တာဝန်ခံအင်ဂျင်နီယာများမှ လုပ်ငန်းဆောင်ရွက် နေမှုများအား ရှင်းလင်းတင်ပြကြပါသည်။

 ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် (၁၁၅/၀) ရှိ (ဖြူး)တိုးလ်ဂိတ်လမ်းအသုံးပြုခ ကောက်ခံဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှု့ စစ်ဆေးရာ ဂိတ်တာဝန်ခံများမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြပါသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၉၃/၄) နှင့် (၉၃/၅) ကြားရှိ ကရင်မြောင်တံတား ၊ မိုင်တိုင်အမှတ် (၆၅/၇) နှင့် (၆၆/၀) ကြားရှိ ကနစိုမြောင်တံတား ၊ မိုင်တိုင်အမှတ် (၄၅/၂) နှင့် (၄၅/၃) ကြားရှိ ကြက်ချောင်း လက်တက်တံတား တို့၏ ကမ်းကပ်ခုံရေတိုက်စားမှုမှကာကွယ်ရန် Bank Protection ဆောင်ရွက်နေမှု ၊ ရေလမ်းကြောင်းရှင်းလင်းခြင်း နှင့် တံတားကြံ့ခိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှု များအား ကြည့်ရှုစစ်ဆေးရာ တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေ နှင့် အင်ဂျင်နီယာချုပ် ၊ တာဝန်ခံအင်ဂျင်နီယာတို့မှ လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြ ပါသည်။

ရှင်းလင်းတင်ပြချက်အပေါ် ဒုတိယဝန်ကြီးက တံတားအဝင် / အထွက်နေရာများတွင် ချောမွေ့စေရေး၊ တံတားကြံ့ခိုင်ရေးကို တာဝန်ရှိသူများက အမြဲမပြတ်စစ်ဆေးရေးနှင့် ယာဉ်များသွားလာရာတွင် အန္တရာယ်ကင်းရှင်းစေရေး ဂရုပြုဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း မှာကြားပါသည်။

 ယင်းနောက် နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ပဲခူးတိုင်းဒေသကြီး -အစိုးရအဖွဲ့ဝင် ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေ နှင့် တာဝန်ရှိသူများလိုက်ပါပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၂/၅) နှင့် (၃၂/၆) ကြားရှိ ပဲခူးအနောက် မြို့ရှောင်လမ်းနှင့် အမြန်လမ်းမကြီးဆက်သွယ်သည့် လမ်းပိုင်းနှင့် လသာကုန်း Underpass လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ပဲခူးတိုင်းဒေသကြီး ၊ လမ်းဦးစီး ဌာန ၊ ညွှန်ကြားရေးမှူး(မြို့ပြ)ဦးတိုးတိုးမှ မြေပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြပါသည်။

 ၎င်းနောက် ဒုတိယဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့်အတူ ပဲခူးမြို့ရှိ ကမ္ဘာဇသာဒီရွှေနန်းတော် မြေနန်းပြဿဒ်ဆောင် ၊ ဘမရာသနပလ္လင်ဆောင်များ ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးရာ အဆောက်အဦဦးစီးဌာန ၊ အဆောက်အဦအထူးအဖွဲ့ (၃) ၊ တာဝန်ခံအင်ဂျင်နီယာမှ ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံရှင်းလင်းတင်ပြကြပါသည်။

 တင်ပြချက်အပေါ် ဒုတိယဝန်ကြီးက ရှေးမူလက်ရာမပျက် ရေရှည်တည်တံ့ ခိုင်မြဲအောင် အလေးထားဆောင်ရွက်ရေး ၊ မျက်နှာကျက်များဆေးကွာကျနေမှု နှင့် မိုးယိုနေမှုများအား အမြန်ပြုပြင်ဆောင်ရွက်ရန် နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် မိမိဆောင်ရွက်ရသည့် လုပ်ငန်းများ အပြင် ဆက်စပ်လျက်ရှိသည့် လုပ်ငန်းများကိုပါတစ်ပါတည်း ထည့်သွင်းဆောင်ရွက်ရေး မှာကြားပါသည်။

 ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူး - သနပ်ပင်လမ်းပိုင်းရှိ အရှည် (၅ မိုင် ၁ ဖာလုံ) AC ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

  Mar 26 2024

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်