...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

လမ်းဦးစီးဌာန / သတင်းများ


ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း)ရှိ လမ်းအသုံးပြုခကောက်ခံနေသည့် တိုးလ်ဂိတ်များ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁၆

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း)ပေါ်ရှိ လမ်းအသုံးပြုခကောက်ခံလျက်ရှိသည့် တိုးလ်ဂိတ်များကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စီလမ်းဆုံတိုးလ်ဂိတ်၌ ကွန်ပျူတာစနစ်ဖြင့် လမ်းအသုံးပြုခကောက်ခံနေမှု၊ CCTV တပ်ဆင်ဆောင်ရွက်ထားရှိမှု၊ ရေ၊ မီးရရှိမှုနှင့် တိုးလ်ဂိတ်ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် ဒုတိယဝန်ကြီးက တိုးလ်ဂိတ်များ၌ လမ်းအသုံးပြုခကောက်ခံရာတွင် ယာဉ်စာရင်း အရေအတွက်နှင့် ကောက်ခံရရှိငွေ မှန်ကန်စွာစာရင်းရေးသွင်းရေး၊ တိုးလ်ဂိတ်များအားလုံး CCTV တပ်ဆင်ထားပြီး ကွန်ပျူတာစနစ်ဖြင့် ကောက်ခံစေရေး၊ ကောက်ခံရရှိငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ တိုးဂိတ်ပတ်ဝန်းကျင်သန့်ရှင်း၊ သပ်ရပ်ပြီး ဥပဓိရုပ်ကောင်းမွန်စေရေး၊ ကောက်ခံရရှိမှု စာရင်းဇယားများ ရေးသွင်းရာတွင် ရုံးချုပ်မှသတ်မှတ်ထားသည့်ပုံစံအတိုင်း လိုက်နာဆောင်ရွက်ရေး တာဝန်ရှိသူများက အလေးထားကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း) တစ်လျှောက်ရှိ တိုးလ်ဂိတ်များဖြစ်ကြသည့် တောင်ငူတိုးလ်ဂိတ်၊ ဖြူးတိုးလ်ဂိတ်၊ ဒရယ်မီးတိုးလ်ဂိတ်၊ ဘောနက်ကြီးတိုးလ်ဂိတ်၊ အမှတ်(၃)လမ်းဆုံတိုးလ်ဂိတ်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

  Jun 17 2024