...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

လမ်းဦးစီးဌာန / သတင်းများ


စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခန္တီး - ဆင်သေ - လဟယ်လမ်းနှင့် လဟယ် - ရောင်ကွန်- ဒုံဟီး - နန်းယွန်းလမ်းတို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၇

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းဒေသကြီး ခန္တီးမြို့မှ ခန္တီး- ဆင်သေ- လဟယ်လမ်း မိုင်တိုင် ၂၁/၀ နှင့် ၂၂/၀ အတွင်း တောင်ဖြိုလမ်းချဲ့ ခြင်းနှင့် ၁၈ ပေအကျယ် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ မိုင်တိုင် ၂၃/၀ နှင့် မိုင်တိုင် ၂၃/၂ အတွင်း ၁၈ ပေ အကျယ် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာနလမ်းအထူးအဖွဲ့ (၈) နှင့် လမ်းအထူးအဖွဲ့ (၁၉) တို့ မှ ဒုတိယ ညွှန်ကြားရေးမှူး(မြို့ပြ) တို့က လုပ်ငန်းဆိုင်ရာများရှင်းလင်းတင်ပြမှုကို လမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီးတာဝန်ခံ အင်ဂျင်နီယာချုပ်တို့က လိုအပ်သည်များဖြည့်စွက်တင်ပြရာ ဒုတိယဝန်ကြီးကကျောက်စီရေမြောင်းနှင့် မြေထိန်းနံရံများဆက်လက်ဆောင်ရွက်ရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် လမ်းညွှန်အမှတ်အသား ဆိုင်းဘုတ်များတပ်ဆင်ရန် မှာကြားသည်။

ယင်းနောက် မိုင်တိုင် ၂၄/၄ ရှိ နန့်စလိန်ချောင်း တံတားနှင့်မိုင်တိုင် ၄၂/၀ နှင့် မိုင်တိုင် ၄၃/၀ ကြားရှိ ဟွေထိုက်ချောင်းတံတားအားကြည့်ရှုပြီး တံတားကြံ့ခိုင်မှု၊ ရေလည်တိုင်နှင့် ကမ်းကပ်ခုံများ ရေတိုက်စားပျက်စီးမှုမရှိစေရေးမှာကြားပြီး မိုင်တိုင် ၄၅/၀ နှင့် ၄၆/၀ ကြားတွင် တောင်ဖြိုလမ်း ချဲ့ခြင်းလုပ်ငန်းနှင့် ၁၈ ပေ အကျယ် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လဟယ်လမ်းနှင့် လဟယ်-ရောင်ကွန်- ဒုံဟီး- နန်းယွန်းလမ်း မိုင်တိုင် ၉/၀ နှင့် ၁၀/၀ ကြား ရောက်ရှိရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးကမိုးတွင်းကာလတွင် လမ်းပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများအတွက် စီမံချက်များကြိုတင် ပြင်ဆင်ရေးဆွဲထားရှိရန် မှာကြားခဲ့ကြောင်း သိရသည်။

  May 08 2023