...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


ဆောက်လုပ်ရေးဝန်ကြီးဌာန၏ (၁၉) ကြိမ်မြောက် ဝါဆိုသင်္ဃန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား

နေပြည်တော် ဩဂုတ်လ ၅

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ (၁၉) ကြိမ်မြောက် ဝါဆိုသင်္ဃန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားအား ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမကြီး၌ ဩဂုတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ကျင်းပခဲ့ပါသည်။ အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး နှင့် ဇနီး အမှူးပြုသော ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အရာထမ်း ၊ အမှုထမ်းများ တက်ရောက်ခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဆရာဒကာကျောင်းများမှ ပင့်သံဃာတော် (၁၁)ပါး ကြွရောက်ချီးမြှင့်ခဲ့ပါသည်။ ပထမဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ဖွင့်လှစ်ပြီး တေဇစက္ကီကမ္မဋ္ဌာန်းရိပ်သာကျောင်းတိုက်ဆရာတော် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တဝိဇယျ ဆရာတော်ကြီးထံမှ ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ခြင်း ၊ မေတ္တာသုတ်ပရိတ်တရားတော်များ နာကြားခြင်းနှင့် ပြည်ထောင်စုဝန်ကြီး နှင့် ဇနီး အမှူးပြုသည့် ဧည့်ပရိတ်သတ်များမှ ဝါဆိုသင်္ဃန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများဆက်ကပ်လှူဒါန်း၍ အနုမောဒနာတရားနာကြားကာ ရေစက်သွန်းချအမျှပေးဝေ၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

  Aug 07 2026

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်