...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန / သတင်းများ


ပြည်သူ့အငှားအိမ်ရာစီမံကိန်းနှင့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားအငှားအိမ်ရာ တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ ကြည့်ရှု စစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင် နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်တွင် မြို့ပြနှင့် အိမ်ရာ ဖွံဖြိုးရေးဦးစီးဌာနနှင့် ပုဂ္ဂလိကလုပ်ငန်းရှင် အဖွဲ့တို့ပူးပေါင်းပြီး ပြည်သူ့အငှားအိမ်ရာစီမံကိန်းနှင့် နိုင်ငံ့ ဝန်ထမ်းအငြိမ်းစား အငှားအိမ်ရာ စီမံကိန်းတည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ရှင်းလင်း ဆောင်တွင် စီမံကိန်းလုပ်ငန်း များဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ အောင်မြင် စွာဆောင်ရွက်နိုင်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင် တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေး သည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး က ဆောက်လုပ်ရေးဝန်ကြီးဌာနအနေ ဖြင့် မြို့ပြကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူများနေထိုင်ရေး အဆင်ပြေစေရန် အိမ်ရာစီမံကိန်း များ ဖြည့်ဆည်းပေးနိုင်ရေး အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြို့ပြလူဦးရေများ ပြားသည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့တွင် အိမ်ရာ လိုအပ်ချက် မြင့်မားလာသည့် အတွက် အရောင်းအိမ်ရာ၊ အငှားအိမ်ရာများကို နိုင်ငံတော်မှ ဖြည့်ဆည်း ပေးနေခြင်းဖြစ်ပါ ကြောင်း၊ နေပြည်တော်တွင် တိုက် (၂၈) လုံး၊ အခန်း (၄၄၈) ခန်း အကောင်အထည်ဖော် ဆောင်ရွက် ထားရှိမှုနှင့် ပြီးစီးမှုများကို ယနေ့ လာရောက်ကြည့်ရှုခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်း ကြီးကြပ် ဆောက်ရွက်နေသည့် Project Management Unit မှ တာဝန်ရှိသူများ၊ အကောင် အထည်ဖော်ဆောင်ရွက်နေသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် စီမံကိန်းအချိန်မီ ပြီးစီး ရေး ပူးပေါင်းညှိနှိုင်း ဆောင်ရွက်စေလိုကြောင်း ပြောကြား သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က နေပြည်တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်ပင်သာယာရေး၊ သန့်ရှင်းသာယာလှပရေးနှင့် အိမ်ရာစီမံကိန်း များတွင် နေထိုင်သည့် ပြည်သူများ၊ နိုင်ငံ့ ဝန်ထမ်း အငြိမ်းစားများ နေထိုင်ရေး အဆင်ပြေစေ ရေးအတွက် နေပြည်တော် ကောင်စီအနေဖြင့် ပံ့ပိုးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးမင်းထိန်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်း ရှင်များအသင်းချုပ်၊ မြန်မာ နိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်၊ မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်း ရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ၊ အိမ်ရာစီမံ ကိန်းများတွင် ကြီးကြပ်သည့် အဆောက်အဦ ဦးစီးဌာနတို့မှ တာဝန်ရှိ သူများက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က ညှိနှိုင်းဆောင် ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပြည်သူ့အငှားအိမ်ရာ(၁)ခန်းလျှင် (၆၁၄)စတုရန်းပေအကျယ်ရှိ ၄ ခန်းတွဲ ၅ ထပ်တည်ဆောက် နေမှုနှင့် အခန်းဖွဲ့စည်းထားရှိမှုကိုလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားအရာထမ်းများ အတွက် အငှားအိမ်ရာ(၁)ခန်းလျှင် စတုရန်းပေ (၆၅၀) အကျယ်ရှိ ၄ ခန်းတွဲ ၅ ထပ် တည် ဆောက်ရေးလုပ်ငန်းများနှင့် အခန်းဖွဲ့စည်းထားရှိမှုကိုလည်းကောင်း၊ တည်ဆောက်ပြီးစီးနေ သည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားအငှားအိမ်ရာတွင် နေထိုင်သည့် ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး အားပေးစကားပြောကြားသည်။

  May 19 2022