ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ
ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဝန်ထမ်းမိသားစုများ၏ ၁၃၈၄ ခုနှစ် ၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြို စတုဒိသာကျွေးမွေးခြင်းနှင့် ပျော်ရွှင်စွာရေကစားပွဲ အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်တွင် ကျရောက်သည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ကြိုဆိုသောအားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ဝန်ထမ်းမိသားစုများ၏ စတုဒိသာကျွေးမွေးခြင်း နှင့် ပျော်ရွှင်စွာ ရေကစားပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် ၊ ဧပြီလ (၇) ရက်နေ့တွင် နေပြည်တော် ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ စုဝေးခန်းမ၌ ကျင်းပပါသည်။
အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ၊ ဒုတိယ ဝန်ကြီး ဦးဝင်းဖေ ၊ အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော် ၊ ညွှန်ကြားရေးမှူးချုပ်များ ၊ ဌာနကြီးမှူးများ နှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ပြီး တပျော်တပါး ပါဝင်ဆင်နွှဲကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး က နှစ်သစ်ကူးအကြို နှုတ်ခွန်းဆက် စကားပြောကြားရာ တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော်ကို မြန်မာ့ ဓလေ့ ၊ ထုံးတမ်း အစဉ်အလာနှင့်အညီ ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ကြောင်း ၊ ဝန်ထမ်း မိသားစုများ ကိုယ်စိတ် နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲစေ လိုပါကြောင်း ၊ ဝန်ထမ်းမိသားစုများအနေဖြင့် ပင်ပန်းနွမ်းနယ် သမျှကို အတာရေ ပက်ဖြန်း လန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံ့တာဝန်များ ၊ မိသားစုတာဝန် များကို ကျေပွန်စွာထမ်းဆောင်ရွက်နိုင်သူများ ဖြစ်ကြပါစေကြောင်း ၊ ဝန်ထမ်းမိသားစုများ ကိုယ်စိတ် နှစ်ပါး ကျန်းမာချမ်းသာ သုခ နှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာစကားပြောကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝန်ကြီးဌာန အရာထမ်း ၊ အမှုထမ်းများကို စတုဒိသာကျွေးမွေးပြီး သပြေခက်ဖြင့် ပျော်ရွှင်စွာအတာရေပက်ဖြန်းပေးကာ ဆောက်လုပ်ရေးဝန်ကြီး ဌာန ၊ သင်္ကြန်ယိမ်းအကအဖွဲ့များမှ “မြူမှောင်ဝေကင်းသီချင်း ၊ ဆောက်လုပ်ရေးမှ ကြိုနေမယ် သီချင်းနှင့် မန်းတောင်ရိပ်ခို”တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးပြီး ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ပြီး ဝန်ထမ်းမိသားစုများအား ကံစမ်းမဲဖောက်ခြင်း အစီအစဉ်များ ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။
Apr 11 2023