...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန / သတင်းများ


ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်း ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ဝင်ငွေနည်းပြည်သူများနေထိုင်ရေး အဆင်ပြေစေရန်၊ ဆောက်လုပ်ရေးကဏ္ဍမှတစ်ဆင့် အလုပ် အကိုင်အခွင့်အလမ်းများရရှိစေရန် နှင့် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး ၊ စံချိန်ပြည့်မီစွာ ဖြင့် သတ်မှတ်အချိန်မီပြီးစီးနိုင်ရန် ရည်ရွယ်၍ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်း ဦးစီး ကော်မတီ၏ (၁၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ် ၊ ဇွန်လ (၂၄) ရက်နေ့ (၁၁:၃၀) အချိန်တွင် နေပြည်တော် ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပါသည်။

 အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့အငှားအိမ်ရာတည်ဆောက်ရေးစီမံကိန်း ဦးစီးကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး ၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ ၊ အမြဲတမ်းအတွင်းဝန် ၊ ညွှန်ကြားရေးမှူးချုပ်များ ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ ကိုယ်တိုင်တက်ရောက်ကြပြီး ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင် ၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ၊ မြို့တော်ဝန် ဦးဗိုလ်ဌေး နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင် ၊ သက်ဆိုင်ရာဦးစီး ဌာနများမှ အမြဲတမ်းအတွင်းဝန်များ ၊ ညွှန်ကြားရေးမှူးချုပ်များ ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် (MCEF) ၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် (MLCA) နှင့် မြန်မာ မြို့ပြနှင့်အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်း (MDA) တို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် Video Conferencing စနစ်ဖြင့် ချိတ်ဆက် တက်ရောက်ကြ ပါသည်။

 လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်သူ့အငှားအိမ်ရာ စီမံကိန်းဦးစီးကော်မတီ ဥက္ကဋ္ဌ ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး က ကိုဗစ်- ၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ဆောင်ရွက်နေသည့် ပြည်သူ့အငှားအိမ်ရာ အခန်း ၁၀၀၀၀ စီမံကိန်း၏ ပထမအဆင့် အခန်းပေါင်း (၅၀၀၈) ခန်းကို အသင်းချုပ်များ၏ တာဝန်ယူ ဆောင်ရွက်မှုဖြင့် တည်ဆောက်လျှက် ်ရှိရာ ယခုအခါ နေပြည်တော်တွင် ၉၈ % ၊ မန္တလေးတွင် ၉၀% နှင့် ရန်ကုန်တွင် ၅၆% အထိ အသီးသီး ပြီးစီးလျက်ရှိပြီဖြစ်ပါကြောင်း ၊ ရန်ပုံငွေအားဖြင့် ပြည်ထောင်စု မှ ၉၃ ဘီလီယံခန့် နှင့် တိုင်းဒေသကြီးမှ ၁၂.၅ ဘီလီယံစုစုပေါင်း ၁၀၅ ဘီလီယံကျော် သုံးစွဲထားပြီးဖြစ်သည့်အတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေများ အကျိုးရှိစေရန်နှင့် ဆောက်လုပ်ရေး နည်းပညာစီမံခန့်ခွဲမှုများ ထိရောက်မှုရှိစေရန်အတွက် အဆောက်အဦနှင့် Infrastructure လုပ်ငန်းများကို ပြီးပြတ်အောင် ဆောက်လုပ်သွားရန် လိုအပ်ပါကြောင်း။

 ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများကို နေပြည်တော်တွင် အဆောက်အဦ ၂၈ လုံး ၊ ရန်ကုန် တွင် အဆောက်အဦ ၁၉၄ လုံး ၊ မန္တလေးတွင် အဆောက်အဦ ၉၁ လုံး တည်ဆောက်နေသည့် အတွက် စီမံကိန်းပမာဏကြီးမားသည်နှင့်အညီလုပ်ငန်း အရည်အသွေး ပြည့်မီစေရေးနှင့် အချိန်မီ ပြီးစီးနိုင်ရန် အသင်းချုပ် (၃)သင်း ၊ QC အဖွဲ့များနှင့် လုပ်ငန်းကြီးကြပ်သူ PMU များအနေဖြင့် အချိတ်အဆက်မိမိဖြင့် တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း။

 အသင်းချုပ်များအနေဖြင့် မြေပြင်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများ ရှိသော်လည်း ငွေတောင်းခံ ရာတွင် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ၊ စီမံကိန်း အကောင်အထည်ဖော်ရာတွင် မြေနေရာ ၊ အခြေခံအဆောက်အအုံနှင့် လုပ်ငန်းပိုင်းဆိုင်ရာ ပံ့ပိုးမှုများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးနေသည့် နေပြည်တော်ကောင်စီ ၊ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ၊ အစည်းအဝေး တက်ရောက်လာသူများအနေဖြင့် စီမံကိန်း အောင်မြင်စွာ ပြီးစီးနိုင်ရေးအတွက် လိုအပ်ချက်များ ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေ လိုပါကြောင်း ပြောကြားပါသည်။

 ထို့နောက် ပြည်သူ့အငှားအိမ်ရာစီမံကိန်းဦးစီးကော်မတီ အတွင်းရေးမှူး ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး က နေပြည်တော် ၊ ရန်ကုန်နှင့် မန္တလေးတို့တွင် ပြည်သူ့အငှားအိမ်ရာ စီမံကိန်းလုပ်ငန်းများကို တစ်ပြိုင်တည်းဆောင်ရွက်နေမှု ၊ လက်ရှိ ပထမအဆင့်တွင် စီမံကိန်း လုပ်ငန်း များ ဆောင်ရွက်ပြီးစီးမှု ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းတင်ပြပါသည်။

 ၎င်းနောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း က စီမံကိန်းဆောင်ရွက်ရာတွင် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား ၁/၂၀၂၂ ညွှန်ကြား ချက်များ ၊ လုပ်ထုံး၊လုပ်နည်းနှင့်အညီ လိုက်နာဆောင်ရွက်ရေး ၊ လုပ်ငန်းပိုင်း ဆိုင်ရာပြီးစီးမှုအပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်လိုသည့် လုပ်ငန်းများအလိုက် ရန်ပုံငွေ တင်ပြတောင်းခံမှုတို့နှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေး တင်ပြပါသည်။

 ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် ၊ ရန်ကုန် မြို့တော်စည်ပင် သာယာရေးကော်မတီ ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ ရေးရာဝန်ကြီး ဦးမျိုးအောင် တို့က အိမ်ရာစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ၊ အရည်အသွေး ဆိုင်ရာ ကိစ္စရပ်များ ၊ လုပ်ငန်းတိုးတက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များ ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးအကြံပြု ဆွေးနွေး တင်ပြကြပါသည်။

 ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ပြည်သူ့ အငှားအိမ်ရာစီမံကိန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များ ၊ မြေနေရာကိစ္စ ၊ ရေ ၊ မီးရရှိရေးကိစ္စ ၊ အိမ်ရာအတွင်းနေထိုင်သူများ သွားလာရေး လွယ်ကူ အဆင်ပြေစေရန် သယ်ယူပို့ဆောင်ရေးကဏ္ဍ ဆောင်ရွက်မည့်အစီအစဉ်များ ၊ အိမ်ရာ စီမံကိန်း ဧရိယာ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်း သာယာလှပရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များ ၊ အိမ်ခန်းနေထိုင်သူများ လုံခြုံစိတ်ချစွာနေထိုင်နိုင်ရေးအတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး အကြံပြု ဆွေးနွေး တင်ပြကြပါသည်။

 ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် (MCEF) ၊ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် (MLCA) နှင့် မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်း (MDA)တို့မှ ဥက္ကဋ္ဌများက လက်ရှိအိမ်ရာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ဘဏ္ဍာငွေကြေးဆိုင်ရာ အခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြမှုတို့အပေါ် ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးတွင် အတည်ပြုချက်များ ၊ ဆုံးဖြတ်ရန်အချက်များ ချမှတ် ပေးပြီး စီမံကိန်းလုပ်ငန်းများ အောင်မြင်ရန်နှင့် သတ်မှတ်အချိန်မီပြီးစီးရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။


  Jun 28 2022