...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


China International Trust and Investment Corporation (CITIC) Group Myanmar Co.,Ltd. မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဧပြီ ၄

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် China International Trust and Investment Corporation (CITIC) Group Myanmar Co.,Ltd. မှ တာဝန်ရှိသူများနှင့် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံဆွေးနွေးရာတွင် ကျောက်ဖြူအထူးစီးပွားရေး ဇုန်နှင့်ရေနက်ဆိပ်ကမ်းစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကအရေးပါသည့် အခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊တံတား တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကုန်သွယ်မှုကဏ္ဍနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရုံသာမက ဒေသတွင်းပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်နိုင်မည့်အခြေအနေများနှင့် မြန်မာ- တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်၍ ဘုံအကျိုးစီးပွားတိုးတက်စေရေးအတွက် ဆောင်ရွက်နိုင်မည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

  Apr 08 2024

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်