...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ၊ ဒက္ခိဏသီရိမြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားအငှားအိမ်ရာနှင့် ပြည်သူ့အငှားအိမ်ရာ များ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေး

နေပြည်တော် (၃-၂-၂၀၂၃)

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် သည် ဌာနဆိုင်ရာ တာဝန် ရှိသူများ လိုက်ပါလျက် ၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် အိမ်ရာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ နိုင်ငံ့ ဝန်ထမ်း အငြိမ်းစားအငှားအိမ်ရာနှင့် ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး စီမံကိန်း ဆောင်ရွက် ပြီးစီးမှု အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက် များ မှာကြားပါသည်။

 ဦးစွာ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ၊ ဒက္ခိဏသီရိမြို့နယ်ရှိ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်းသို့ ရောက်ရှိရာ ရှင်းလင်း ဆောင်တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်စိုး က အိမ်ရာကဏ္ဍ ဟန်ချက်ညီညီစဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ၊ ပြည်သူတို့၏ နေထိုင်မှု အဆင့်အတန်း မြင့်မားလာစေရန်အတွက် သင့်လျော်ကောင်းမွန်သည့် အိမ်ရာများ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားအငှားအိမ်ရာများနှင့် ပြည်သူ့အငှားအိမ်ရာများ ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းကောင်း ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်အေး က ပြည်သူ့အငှားအိမ်ရာစီမံကိန်း လျာထားချက် ၊ ဆောင်ရွက်ပြီးစီးမှုနှင့် အနာဂတ်တွင် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းသက်နိုင်မိုး က အိမ်ရာ စီမံကိန်းကြီးကြပ်ထိန်းသိမ်းထားရှိမှုအား လည်းကောင်း Power Point ဖြင့် အသီးသီး ရှင်းလင်းတင်ပြကြရာ အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော် က ဖြည့်စွက် ရှင်းလင်းတင်ပြပါသည်။

 တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး က အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နေပြည်တော် ၊ ရန်ကုန်မြို့ နှင့် မန္တလေးမြို့တို့တွင် အိမ်ရာစီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက် လျှက်ရှိကြောင်း ၊ ယခု နေပြည်တော်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနှင့် ပြည်သူ များ နေထိုင်မှု အဆင့်အတန်း မြင့်မားလာစေရန် ရည်မှန်းချက်ထားရှိပြီး မူဝါဒများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၊ နေထိုင်သူများ အဆင်ပြေစေရန် အိမ်ရာစည်းမျဉ်း ၊ စည်းကမ်းများ နှင့်အညီ စနစ်တကျ ဆောင်ရွက်ရန် လိုကြောင်း ၊ အိမ်ရာစီမံကိန်း ပတ်ဝန်းကျင်သန့်ရှင်း သာယာ လှပရေး ၊ အမြင်တင့်တယ်ရေး ၊ ရေစီးရေလာကောင်းမွန်ရေး လိုအပ်သော နေရာများတွင် Toll Wall များ ဆောင်ရွက်ပေးရန် တာဝန်ရှိသူများမှ စနစ်တကျထိန်းသိမ်းပေးရန်တို့ကို မှာကြားပါသည်။

 ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်း အငြိမ်းစား အငှားအိမ်ရာများနှင့် ပြည်သူ့အငှားအိမ်ရာများ တည်ဆောက်ပြီးစီးမှု ၊ အိမ်ခန်းဖွဲ့စည်းမှု ၊ မြို့ပြ / ရေသန့် / လျှပ်စစ် ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို အသေးစိတ် လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားပါသည်။

 ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မှ အနီးကပ် ကြီးကြပ်ပြီး မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ် ၊ မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက် တာများ အသင်းချုပ် နှင့် မြန်မာမြို့ပြနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်း တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သည့် ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ၊ ဒက္ခိဏသီရိမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား အငှား အိမ်ရာ စီမံကိန်းတွင် အငြိမ်းစားဝန်ထမ်း (အမှုထမ်း) များအတွက် (၁၂) ခန်းတွဲ (၅ ထပ်) ၊ အဆောက်အဦ (၇) လုံး ၊ အခန်း (၄၂၀) ခန်းအား အိမ်ခန်းနေရာချထားရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် နေရာချထားပေးပြီးဖြစ်ပါသည်။ အငြိမ်းစား ဝန်ထမ်း (အရာထမ်း)များအတွက် (၄)ခန်းတွဲ (၅ ထပ်) ၊ အဆောက်အဦ (၅) လုံး ၊ အခန်း (၁၀၀) ခန်း နှင့် ပြည်သူ့အငှားအိမ်ရာ စီမံကိန်းတွင် (၄) ခန်းတွဲ (၅ ထပ်) ၊ အဆောက်အဦ (၂၈) လုံးတွင် အခန်း ပေါင်း (၄၄၈) ခန်းတို့ ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။


  Feb 08 2023