...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


ရေစီးကျော်ဝင်ရောက်သည့်နေရာကို Sheet Pile ရိုက်၍ ကာရံခြင်းလုပ်ငန်းများကို အပြီးသတ်ဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၈

နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ရေဝင်ရောက်မှုများကို တားဆီးပိတ်ဆို့နိုင်ရန်၊ ပြည်သူများ အချိန်တိုအတွင်း ရေဘေးကယ်ဆယ်ရေးစခန်းများမှ မိမိတို့နေထိုင်ရာ ဒေသများတွင် ပြန်လည်ဝင်ရောက်နိုင်ရန်နှင့် စိုက်ပျိုးသီးနှံများ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရန်တို့အတွက် တာတမံနိမ့်ကျပြီး ရေစီးကျော်ဝင်ရောက်သည့် နေရာတွင် Sheet Pile များရိုက်၍ ကာရံတားဆီးခြင်းလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက အားဖြည့် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန၊ လမ်းဦးစီးဌာနတို့မှ အင်ဂျင်နီယာများ၊ ဝန်ထမ်းများပေါင်းစပ်ပြီး Sheet Pile များရိုက်၍ ကာရံခြင်းလုပ်ငန်းများကို တွန်းသင်္ဘောလေးစင်း၊ Barge တွဲ လေးစင်း၊ ပဲ့ထောင်စက်လှေ လေးစင်း၊ Excavator တစ်စီး၊ 50 Ton Crane နှစ်စီး၊ 25 Ton Crane နှစ်စီး၊ Vibro-Hammae With Double Jaw & Accessories လေးစုံ၊ Silent Piler+ Power Unit တစ်စုံ၊ 3.5 Ton Hummer Control Pannel တစ်စုံ၊ Generator သုံးလုံး၊ Air Compressor နှစ်လုံး စသည့် စက်/ ယာဉ်/ ယန္တရားများကို အသုံးပြု၍ နေ့ညဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် ကာရံခြင်းလုပ်ငန်းတွင် Sheet Pile ၂၈၂ ချောင်းကို အသုံး ပြု၍ ရေအနက် ၁၇ မီတာအထိ ရိုက်သွင်းခဲ့ရပြီး ရိုက်သွင်းထားပြီး ဖြစ်သည့် Sheet Pile များကို ပိုမိုခိုင်ခံ့ အားကောင်းစေရန် အတွက် အချင်း ၁ ဒသမ ၃၅ မီတာ ရှိ Stand Pipe လေးလုံး၊ H Beam 400 mm x 400 mm ၆၃ ချောင်း တို့ဖြင့် ကျားကန်ခြင်း၊ ဒေါက်ကန်ခြင်း၊ Welding တွဲဆက်ခြင်း၊ ချုပ်တန်းများချုပ်ခြင်းတို့ကို တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် လမ်းဦးစီးဌာနအင်ဂျင်နီယာချုပ်တို့က အင်ဂျင်နီယာနှင့် ဝန်ထမ်းစုစုပေါင်း ၂၃၄ ဦးဖြင့် နေ့ဆိုင်းညဆိုင်းဖြင့် အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ကြသည်။

ထိုကဲ့သို့ Sheet Pile များရိုက်၍ ကာရံခြင်းလုပ်ငန်းများကို လုပ်ငန်းစတင်ချိန်မှ စတင်ကာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊ ဆောလျင်စွာ ပြီးစီးရေးအတွက် စီမံဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည်များကို ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ရေစီးကျော်ဝင်ရောက်သည့်နေရာတွင် Sheet Pile များ ရိုက်၍ ကာရံတားဆီးခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကာရံခြင်းလုပ်ငန်းတွင် အပြီးသတ်ရိုက်သွင်းမည့် Sheet Pile ကို ရိုက်သွင်းပေးကာ ကာရံခြင်းလုပ်ငန်းများကို တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ရေစီးကျော်ဝင်ရောက်သည့် နေရာကို Sheet Pile ရိုက်၍ ကာရံခြင်းလုပ်ငန်းများကို အပြီးသတ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရေစီးကျော်ဝင်ရောက် မှုကို အလုံးစုံပိတ်နိုင်ရန်အတွက် သဲအိတ်များချခြင်း၊ Sheet Pile များ၏ အောက်ခြေတွင် Scour မဖြစ်စေရန် Jumbo bag သဲအိတ်များချခြင်း၊ Inclination ဒေါက် များဆောင်ရွက်ခြင်း၊ Sheet Pile များကို ထောက်ထားသော H Beam များ၏ ဝရိန်သားများအား နေ့/ညမပြတ်စောင့်ကြည့်စစ်ဆေးခြင်းနှင့် အားနည်းသောအပိုင်းကို ပြန်လည်အားဖြည့် ဆောင်ရွက်ခြင်း၊ ရေလမ်းကြောင်းအဟန့်အတားဖြစ်စေရန် Concrete Sinker တုံးများချပေး ခြင်းတို့ကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ရေဝင်ရောက်မှုကို ပိတ်သိမ်းနိုင်ရန်အတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့မှ သောင်တူးစက်ကြီး ရေယာဉ်တွဲဖြင့် သဲတူးဖော်ပြီး ရေဝင်လမ်းကြောင်းအနီး သို့ သဲမှုတ်တင်ခြင်းများ၊ သဲ၊ ကျောက်များကို ပိုက်ကွန်ထဲထည့်သွင်း၍ ချခြင်းလုပ်ငန်းများ၊ Geobags အိတ်ကြီးများ ချထားခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း သိရသည်။

ရေဝင်ရောက်ခဲ့သည့် လေးမျက်နှာမြို့နယ်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်၊ ငသိုင်းချောင်းမြို့၊ ကျုံပျော်မြို့နယ်၊ ဟင်္သာတမြို့နယ်များတွင် နေထိုင်ကြသည့် ပြည်သူများသည် တာတမံပိတ်ဆို့ကာရံခြင်း လုပ်ငန်းများ ပြီးစီးပါက မိမိနေထိုင်ရာဒေသများသို့ ဆောလျင်စွာ ပြန်လည် ဝင်ရောက်နေထိုင်ပြီး ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းနှင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ခြင်းတို့ ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် လုပ်ငန်းများ ပိုမိုမြန်ဆန်စွာ ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

  Sep 10 2026

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်