...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ


ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင် ဖလမ်းခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၊ မြို့တွင်းသန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

ဖလမ်း အောက်တိုဘာ ၃

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်သည် ယမန်နေ့ညနေပိုင်းတွင် ဖလမ်းမြို့ မြို့တော်ခန်းမ၌ ဖလမ်းခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ပြီး၊ ယနေ့နံနက်ပိုင်းတွင် မြို့တွင်းသန့်ရှင်းသာယာလှပရေး စုပေါင်းလုပ်အားပေးနေမှုအား ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးသည် ယမန်နေ့ညနေပိုင်းတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းနိုင်ဦး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူ‌ထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်အမှာစကားပြောကြားရာတွင် “ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသအတွက် စေတနာထားကာ အကောင်းဆုံးကြိုးစား ဆောင်ရွက်သွားကြရန်၊ အစိုးရယန္တရားများ စနစ်တကျလည်ပတ်နိုင်ရန်၊ အခြေခံအဆောက်အအုံများနှင့် ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများအား စံချိန်စံညွှန်းနှင့် အညီဆောင်ရွက်ရန်လိုကြောင်း၊ မိုးတွင်းကာလတွင် ပျက်စီးနေသည့် လမ်းပန်းဆက်သွယ် ရေးလုပ်ငန်းများကို ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခြင်းဖြင့် သွားလာရေးမြန်ဆန်ပြီးကုန်ဈေးနှုန်း ကြီးမြင့် ခြင်းအားလျော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးအတွက် အဓိကကျသည့် သောက်သုံးရေ လုံလောက်စွာရရှိအောင် ဆောင်ရွက်ခြင်းမှာလည်း အရေးကြီးပါကြောင်း၊ ဒါ့အပြင်နေရပ်ပြန်ပြည်သူများ ပြန်လည်ဝင်ရောက်မှုကိုလည်း စနစ်တကျ စီမံဆောင်ရွက်သွားရန်လိုပါကြောင်း” ပြောကြားသည်။

ဆက်လက်ပြီး တက်ရောက်လာသည့် သက်ဆိုင်ရာဝန်ကြီးဌာန ကိုယ်စားလှယ်များက မိမိတို့လုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြပြီးနောက် ဌာနဆိုင်ရာများက လုပ်ငန်းလိုအပ်ချက်များကို တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားအား ရုပ်သိမ်းကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည့် ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီး၊ ယာယီဆေးရုံသို့ သွားရောက်ပြီး ပြင်ပလူနာဌာန၊ ယာယီခွဲစိတ်ခန်း ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးရာ ဆေးရုံအုပ်က လိုအပ်ချက်များ ရှင်းလင်းတင်ပြပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချပ် ဒေါက်တာကျော်ကံကောင်းက ဖြည့်စွက်တင်ပြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။ ဆက်လက်ပြီး ဆေးရုံအုပ်နှင့်တကွ သူနာပြုဆရာ/ဆရာမများနှင့် ဝန်ထမ်းများအားလည်းကောင်း၊ ဆေးရုံတက်ရောက်ကုသမှု ခံယူနေသည့် ဒေသခံလူနာများအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားသည်။

ဆက်လက်ပြီး ယနေနံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြည်နယ်ဝန်ကြီး၊ ချင်းပြည်နယ်အတွင်းပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များ၊ ဖလမ်းခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များနှင့်အတူ မြို့အင်္ဂါရပ်နှင့်အညီ ဖလမ်းမြို့ သန့်ရှင်းသာယာလှပရေးအတွက် ကျင်မွာလ်ရပ်ကွက် တောင်ဇလပ်လမ်း၊ လမ်းဘေးဝဲယာတစ်လျှောက် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းနေမှု၊ လမ်းတစ်လျှောက်ရှိ သစ်ကိုင်းများအား အလင်းဖွင့်ရှင်းလင်းနေမှုနှင့် ရေစီး‌ရေလာကောင်းမွန်စေရန် ရေနှုတ်မြောင်းများ ပြုပြင်ရှင်းလင်းနေမှုအား ကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီးမှ သန့်ရှင်းရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ စုစုပေါင်းအင်အား (၂၆၁) ဦးအား အာဟာရမုန့်များ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

  Oct 04 2026

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်