...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

အသိပေးကြေညာချက်များ


နေပြည်တော်၊ သုခဝတီပြည်သူ့အငှားအိမ်ရာ၊ အိမ်ခန်းများလျှောက်ထားနိုင်ကြောင်း ကြေညာခြင်း

နေပြည်တော်

သုခဝတီပြည်သူ့အငှားအိမ်ရာ

အိမ်ခန်းများလျှောက်ထားနိုင်ကြောင်း ကြော်ငြာခြင်း

၁။ ပြည်သူများနေထိုင်ရေး အဆင်ပြေစေရန်အတွက် နေပြည်တော်ကောင်စီနယ်မြေ ၊ ဒက္ခိဏ သီရိမြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပြီဖြစ်သော သုခဝတီ ပြည်သူ့အငှားအိမ်ရာ ရှိ အိမ်ခန်းများအား ပြည်သူများ ၊ လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်း များအား ငှားရမ်းပေးသွားမည်ဖြစ်ပါသည်။

၂။ ငှားရမ်းနေထိုင်လိုပါက အောက်ဖော်ပြပါအတိုင်း လာရောက် လျှောက်ထားနိုင်ပါကြောင်း အသိပေးအပ်ပါသည်-

    (က) လျှောက်လွှာရောင်းချမည့်ရက် - (၄-၅-၂၀၂၃)ရက်နေ့မှ (၁၉-၅-၂၀၂၃)ရက်နေ့အထိ (ရုံးချိန်အတွင်း)

    (ခ ) လျှောက်လွှာလက်ခံမည့်ရက်    - (၁၀-၅-၂၀၂၃)ရက်နေ့မှ(၂၆-၅-၂၀၂၃)ရက်နေ့အထိ   (ရုံးချိန်အတွင်း)

    (ဂ ) လျှောက်လွှာဝယ်ယူ/တင်သွင်း - မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရုံးအမှတ်(၄၀)၊ မြေနှင့်အိမ်ရာဌာနခွဲ ၊ အိမ်ရာ(၁)

            ရမည့်နေရာ                      

      (အသေးစိတ်သိရှိလိုပါက ၀၆၇၃၄၀၇၂၆၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။)


အိမ်ခန်းနေရာအငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ

နေပြည်တော် ၊ သုခဝတီပြည်သူ့အငှားအိမ်ရာ


  May 04 2023