ပြည်ထောင်စုဝန်ကြီးရုံး / သတင်းများ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ၂၀၂၆ မိုးရာသီငါးမျိုးစိုက်ထည့်ပွဲအခမ်းအနား
နေပြည်တော် ဩဂုတ် ၅
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ၂၀၂၆ မိုးရာသီငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားအား ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ရုံးအမှတ်(၁၁)ဝန်းအတွင်းရှိ ငါးကန်၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နှင့် ဇနီး ၊ ဒုတိယဝန်ကြီး (၁) နှင့် ဇနီး ၊ ဒုတိယဝန်ကြီး (၂) အပါအဝင် ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း ၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး အမှူးပြု၍ တက်ရောက်လာကြသူများမှ ငါးကြင်းသားပေါက် အကောင်ရေ (၅၀၀၀) အား ငါးမျိုးစိုက်ထည့်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Aug 07 2026