မူဝါဒ

နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲလာသည့်နိုင်ငံရေးစနစ်နှင့်အညီ နိုင်ငံအတွင်းရှိလမ်းများကို နိုင်ငံတကာအဆင့်မီလမ်းမကြီးများအဖြစ် ပေါ်ပေါက်လာစေရန်။

မြန်မာနိုင်ငံနှင့်ဆက်စပ်လျက်ရှိသည့် နိုင်ငံတကာဆက်သွယ်မှု လမ်းကြောင်းများအား ၂၀၃၀ခုနှစ် နှစ်ရှည်စီမံကိန်းပြီးဆုံးချိန်တွင် တစ်ရက်ပျမ်းမျှယာဉ်စီးရေ (၅၀၀၁)အထက် ကျော်သည့်လမ်းများ အား(၂၂)မီတာအကျယ်ကတ္တရာကွန်ကရစ်လမ်း၊ တစ်ရက်ပျမ်းမျှ ယာဉ်စီးရေ(၂၀၀၁မှ၅၀၀၀) အတွင်းရှိလမ်းများအား (၁၄)မီတာအကျယ် ကတ္တရာ ကွန်ကရစ်လမ်း၊ တစ်ရက်ပျမ်းမျှယာဉ်စီးရေ (၅၀၁မှ ၂၀၀၀)အတွင်းရှိလမ်းများအား (၇)မီတာအကျယ် ကတ္တရာကွန်ကရစ်လမ်းဆောင်ရွက်ရန်။

သွားလာချိန်အတိုဆုံးဖြစ်အောင် ဆောင်ရွက်ခြင်းဖြင့် သယ်ယူပို့ဆောင်ရေးစရိတ်အား အနည်းဆုံးလျော့ချနိုင်မည် ဖြစ်ပြီးလမ်းအဆင့်များကိုနှစ်စဉ် (၂%)တိုးတက်အောင် ဆောင်ရွက်ရန်။

စီမံကိန်းလုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် နှင့်သတ်မှတ်အရည်အသွေးပြည့်မှီအောင်ဆောင်ရွက်ရန်။

လမ်းဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အင်ဂျင်နီယာများသည် ကမ္ဘာ့ အဆင့်မီနည်းပညာများတတ်ကျွမ်းစေရန်။

ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် P.P.P(Public Private Partnership) အစီအစဉ်အရ နိုင်ငံသား လုပ်ငန်းရှင်များအားဖိတ်ခေါ်၍ အကျိုးတူပူးပေါင်းဆောင်ရွက်ရန်။

နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ Foreign Direct Investment (F.D.I) ဖိတ်ခေါ်၍ ပြည်တွင်းတွင် လမ်းစီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ရန်။

မြန်မာ့စီးပွားရေးမူဝါဒ(၁၂)ချက်တွင်ပါဝင်သည့် အခြေခံစီးပွားရေးအဆောက်အအုံ လျင်မြန် စွာ တိုးတက်လာရေးနှင့်  မြန်မာနိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ် ပေးနိုင်ရေးအား အထောက်အကူပြုစေရန်အတွက် လမ်းများ အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရန်။