ရည်မှန်းချက်/မျှော်မှန်းချက်

ရည်မှန်းချက်/မျှော်မှန်းချက်

  လမ်းဦးစီးဌာနသည် လုပ်ငန်းများဆောင်ရွက်ရာတွင် အောက်ပါရည်မှန်းချက်များအတိုင်း ဆောင်ရွက်လျက်ရှိပါသည်။

(က)  လုပ်ငန်းများဆောင်ရွက်မှုနှင့် ပစ္စည်းဝယ်ယူမှုများကိုအိတ်ဖွင့်တင်ဒါစနစ်(Open Tender) ဖြင့် ဆောင်ရွက်ရန်နှင့် အဂတိလိုက်စားမှုကင်းရှင်းစေရန် ပညာပေးမှု၊ အရေးယူမှုများကို အလေးထားဆောင်ရွက်သွားရန်။

(ခ)   ပညာရပ်ဆိုင်ရာဆွေးနွေးပွဲများ၊ ပြည်တွင်း၊ ပြည်ပ ပညာသင်ကြားရေးအစီအစဉ်များဖြင့် အရည်အသွေးမြှင့်တင်ရန်နှင့် သတင်းအချက်အလက်နှင့်နည်းပညာရပ်များ (IT)ဖြင့် ဆက်စပ်ဆောင်ရွက်နိုင်ရန်။

(ဂ)   ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်(P.P.P) (Public Private Partnership) အစီအစဉ်အရ နိုင်ငံသား လုပ်ငန်းရှင်များအားဖိတ်ခေါ်၍ ဖောက်လုပ်ပြုပြင် အဆင့်မြှင့်တင်ခြင်း၊ လုပ်ငန်းလုပ်ကိုင် ခြင်းနှင့် လွှဲပြောင်းပေးခြင်း Build Operate Transfer (B.O.T)စနစ်ဖြင့် ပုဂ္ဂလိကပိုင် အခန်းကဏ္ဍကို မြှင့်တင်ရန်နည်းပညာပိုင်းပံ့ပိုးခြင်း၊ အတတ်ပညာပိုင်း အကူအညီပေးခြင်း၊ ရပိုင်ခွင့်များနှင့်လုပ်ပိုင်ခွင့်များ ကာကွယ်စောင့်ရှောက်ပေးသွား ရန်။

(ဃ) အာရှဖွံ့ဖြိုးရေးဘဏ် (Asia Development Bank)(A.D.B)၊ ကမ္ဘာ့ဘဏ်(World Bank) ချေးငွေများဖြင့် လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ရန် ပြည်ပနိုင်ငံများမှ အထောက်အပံ့ (Grant Aid)၊ ချေးငွေ (Loan)များရရှိအောင်ဆောင်ရွက်ရန်။

(င)   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှရေးဆွဲထားသောNational Transport Master Plan နှင့် KIOCA အဖွဲ့အကူအညီဖြင့်ရေးဆွဲထားသည့် Master Plan For Arterial Road Network Development in Myanmar တို့ကိုအခြေခံ၍ လမ်းဦးစီးဌာနမှ ရေးဆွဲထားသော နှစ်ရှည်စီမံကိန်း (Master Plan)အရ အဓိကသွေးကြောလမ်းမကြီး ကွန်ယက် (Main Arterial Road Network)၊ အမြန်လမ်းမကြီးကွန်ယက် (Road Network 6 Package)၊ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဆက်သွယ်ထားသည့် အဓိကလမ်းမကြီးများ (ပြည်ထောင်စုလမ်းများ) (National Highways)တို့နှင့် ဆက်စပ် မည့်လမ်းများ၊ နိုင်ငံတကာနှင့်ဆက်သွယ်သည့် ပြည်ထောင်စုလမ်းမကြီးများအား (၇)မီတာအကျယ်ကတ္တရာကွန်ကရစ် (Asphalt Concrete) လမ်းအဆင့်ရောက်ရှိရန်။

(စ)   ဆောင်ရွက်ဆဲကျန်ပြည်ထောင်စုလမ်းများအား ASEAN Class ΙΙΙ (၅.၅)မီတာအကျယ် ကတ္တရာ လမ်း/ကွန်ကရစ်လမ်းအဆင့်ရောက်ရှိရန်။