...

THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF CONSTRUCTION

ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန / လုပ်ငန်းစဉ်


လုပ်ငန်းစဉ်

(၁) ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာအရ ၂၀၃၀ ပြည့်နှစ်တွင် ကျေးရွာအားလုံး ၏ ၈၀ % သို့  ရာသီမရွေးသွားလာနိုင်သည့် လမ်းများ ဆောင်ရွက်ရန်အတွက် CRRN (Core Rural Road  Network)လမ်းများ ညှိနှိုင်းဖော်ထုတ်ရေးဆွဲပြီး ရာသီမရွေးသွားလာနိုင်ရေး အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်၊

(၂) ကျေးလက်လမ်း ကွန်ယက်ဖြင့် ဆက်သွယ်ပေးနိုင်ခြင်းမရှိသေးသည့်ကျေးရွာများအတွက်ရာသီမရွေး သွားလာနိုင်သောလမ်းများ အသစ်ဖောက်လုပ်ပေးမည်၊

(၃) ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတွင် အခက်အခဲမရှိစေရန်ကျေးလက်တံတားများအား ရာသီမရွေးသွားလာနိုင်သည့်တံတားများအဖြစ် အဆင့်မြှင့်တင်တည်ဆောက်သွားမည်၊

(၄) ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာတွင် ပါရှိသည့် အဓိက ကျေးရွာချင်းဆက်လမ်း ကွန်ယက် Core Rural Road Network (CRRN) ရွေးချယ်ဖော်ထုတ်ခြင်း လုပ်ငန်းစဉ်အား သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆွေးနွေး ညှိနှိုင်းဆောင်ရွက်သွားမည်၊

(၅) မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း( MSDP)နှင့်အညီ ကျေးလက်ဒေသ လမ်း/တံတားများ အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်၊

(၆) MSDP နှင့်အညီ မြန်မာနိုင်ငံတိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ နောက်ကျကျန်နေသော ဒေသများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး မြှင့်တင်ပေးနိုင်ရန်အတွက်အထောက်အပံ့ဖြစ်စေသည့် ကျေးလက်လမ်း/ တံတားများအား နှစ်စဉ်အဆင့်မြှင့် ဆောင်ရွက်သွားမည်၊

(၇) ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုလျော့ချရေး၊လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ GDPတိုးတက်မှုကို အဓိကအထောက်အကူဖြစ်စေနိုင်သည့် နယ်စပ် ကုန်သွယ်မှုများတွင်   အဓိကကျသော ကျေးလက်ထုတ်ကုန်များ စျေးကွက်သို့ စျေးနှုန်း သက်သာစွာဖြင့် အမြန်ဆုံး   အချိန်မီရောက်ရှိနိုင်ရေးတို့အတွက် ကျေးလက်ဒေသလမ်း များအား ရာသီမရွေးသွားလာနိုင်သည့် လမ်းများအဖြစ် အဆင့်တိုးမြှင့် ဆောင်ရွက်သွားမည်၊

(၈) နိုင်ငံတော်၏ စီးပွားရေးမူဝါဒတွင် ပါဝင်သော အခြေခံစီးပွားရေး အဆောက်အအုံများ လျင်မြန်စွာ တိုးတက်လာစေရေးအတွက် ကျေးလက်လမ်း/တံတားများ ရေရှည်တည် တံ့ခိုင်မြဲစေရေး၊ အဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ အလေးထား ဆောင်ရွက်သွားမည်၊

(၉) ကျေးလက်လမ်းများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လက်ရှိလမ်းအရှည်အား အကြီးစား ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် ပုံမှန်ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်၊

(၁၀) ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများဖြစ်သော နိုင်ငံတကာအဖွဲ့အစည်းများ၏ ချေးငွေ၊ ထောက်ပံ့ငွေတို့ဖြင့် ကျေးလက်လမ်း/တံတားများအဆင့်မြှင့်တင်ဆောင်ရွက်ခြင်း၊ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်နည်းပညာမြှင့်တင်ရေး သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားမည်၊