မြို့ပြနှင့်အိမ်ရာကဏ္ဍဖွံ့ဖြိုးရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေမည့် မြို့ပြကွန်ရက်စနစ် ထူထောင်နိုင်ရေးတို့အတွက် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံး လုပ်နည်းများပြဋ္ဌာန်းအကောင်အထည်ဖော်ကြပ်မတ်ရန်။
မြို့ရွာများအားလုံးကို မြို့ပြနှင့်ဒေသဖွံ့ဖြိုးရေးစီမံကိန်းနှင့် မြို့ပြပို့ဆောင်ရေးစီမံကိန်းများကို ပင်မစီမံကိန်းနှင့်အညီ တစ်ဆင့်ခြင်းအကောင်အထည်ဖော်ရန်။
အမျိုးသားအိမ်ရာ မူဝါဒရေးဆွဲပြုစုနိုင်ရေးနှင့် မူဝါဒနှင့်အညီ အကောင်အထည်ဖော်နိုင်ရေး စီမံ ဆောင်ရွက်ရန်။
ဝန်ထမ်းအိမ်ရာ၊ ပြည်သူ့အိမ်ရာ၊ အငှားအိမ်ရာများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်၍ ပြည်သူလူထု၏ အိုးအိမ်လိုအပ်ချက်များကို ထိရောက်စွာဖြည့်ဆည်း ဆောင်ရွက် ရန်။