မူဝါဒ

၁။    နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲလာသည့် နိုင်ငံရေးစနစ်နှင့်အညီ နိုင်ငံအတွင်းရှိ လမ်းများကို နိုင်ငံတကာအဆင့်မီ လမ်းမကြီးများအဖြစ် ပေါ်ပေါက်လာစေရန်။

၂။    စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် လုပ်ငန်းဆောင်ရွက်မှုနှင့် ပစ္စည်းဝယ်ယူမှုများကို တင်ဒါစနစ်ဖြင့် ဆောင်ရွက်ရန်နှင့် အဂတိလိုက်စားမှု ကင်းရှင်းစေရန် ပညာပေးမှု ၊ အရေးယူမှုများကို အလေးထားဆောင်ရွက်သွားရန်။

၃။   ဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အင်ဂျင်နီယာများသည် ကမ္ဘာ့အဆင့်မီ နည်းပညာ များ တတ်ကျွမ်းစေရန် ပညာရပ်ဆိုင်ရာဆွေးနွေးပွဲများ ၊ ပြည်တွင်း/ပြည်ပ ပညာသင်ကြားရေး အစီအစဉ် များဖြင့် အရည်အသွေးမြှင့်တင်ရန်။

၄။    ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း အစီအစဉ်အရ လုပ်ငန်းရှင် များအား ဖိတ်ခေါ်၍ တည်ဆောက်ပြုပြင် အဆင့်မြှင့်တင်ခြင်း ၊ လုပ်ငန်းလုပ်ကိုင်ခြင်းနှင့် လွှဲပြောင်း ပေးခြင်းစနစ်ဖြင့် ပုဂ္ဂလိကပိုင် အခန်းကဏ္ဍကို မြှင့်တင်နိုင်ရန် နည်းပညာပိုင်းပံ့ပိုးခြင်း ၊ အတတ်ပညာပိုင်း အကူအညီပေးခြင်း ၊ ရပိုင်ခွင့်များနှင့် လုပ်ပိုင်ခွင့်များ ကာကွယ်စောင့်ရှောက်ပေးသွားရန်။

၅။    နိုင်ငံခြားမှတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်၍ ပြည်တွင်းတွင် တံတားစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ နိုင်ငံတကာအထောက်အပံ့၊ အကူအညီချေးငွေများဖြင့် တံတားများ အဆင့်မြှင့်တင်ဆောင်ရွက်ရန်။

၆။  ဆင်းရဲနွမ်းပါးမှု လျော့ကျရေးရည်မှန်းချက်ကို အထောက်အကူပြုစေရန်အတွက် ကုန်စည် စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွန်းလာ နိုင်ရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး တံတားများ အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရန်။