ဘူမိဖဿမုဒြာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပင့်ဆောင်ခြင်း

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး သည် (၂၁-၃-၂၀၂၁)ရက်နေ့တွင် လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာန တို့မှ တာဝန်ရှိသူများ လိုက်ပါလျက် နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်းများကို Modular Trailer ဖြင့် ဆီမီးခုံ ဆိပ်ကမ်းမှ တည်ထားကိုးကွယ်မည့် နေပြည်တော်ကောင်စီနယ်မြေသို့ ပဉ္စမအကြိမ် ပင့်ဆောင်ပူဇော်ခြင်းတွင် နေပြည်တော် – မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်ရှိ လမ်း/တံတားများ အခြေအနေနှင့် စကားအင်း မှ ဆီမီးခုံ ဆိမ်ကမ်း လမ်းတစ်လျှောက်အား မော်တော်ယာဉ်ဖြင့် လိုက်လံစစ်ဆေးခဲ့ပါသည်။