စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးနှင့် ဝန်ထမ်းရေးရာကော်မတီ အစည်းအဝေးကျင်းပခြင်း

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၂၁)အား (၄-၃-၂၀၂၁) ရက်နေ့ ၊ နေ့လည် (၁၀:၃၀) နာရီ မှ (၁၂:၁၅)နာရီ အထိ  ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ဒုတိယဝန်ကြီး ဦးမင်းထိန် နှင့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ဝန်ထမ်းများ ရုံးတက်ရောက်မှုနှင့် ပျက်ကွက်နေမှုဆိုင်ရာ ကိစ္စအားလည်းကောင်း၊ နိုင်ငံခြားအကူအညီ အထောက်အပံ့နှင့် ဆောင်ရွက်နေသည့် လုပ်ငန်းစီမံကိန်းများနှင့် ပတ်သက်သည့် ကိစ္စရပ်များအား လည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် နေ့လည်(၂:၀၀) နာရီမှ (၂:၃၀)နာရီအထိ အမြဲတမ်းအတွင်းဝန် ဦးအောင်မြင့်ဦးမှ ကြီးမှူး၍ ဝန်ထမ်းရေးရာကော်မတီအစည်းအဝေးအမှတ်စဉ် (၁၀/၂၀၂၁) အား ဆက်လက်ကျင်းပခဲ့ရာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(စီမံ)များ ၊ အင်ဂျင်နီယာချုပ် (စီမံ)များနှင့် ညွှန်ကြားရေးမှူး (စီမံ)များ တက်ရောက်ခဲ့ပါသည်။