ကျောက်ဂူ – နောင်ဝိုး – နမ့်လန် လမ်း လုပ်ငန်းဆောင်ရွက်မှု

ကျောက်ဂူ - နောင်ဝိုး - နမ့်လန် လမ်း လုပ်ငန်းဆောင်ရွက်မှု
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ လမ်းဦးစီးဌာနအနေဖြင့် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ ပြည်သူများ သွားလာမှု အဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်စေရေးအတွက် လမ်းများကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျောက်ဂူ – နောင်ဝိုး – နမ့်လန် လမ်းကို အရှည် (၃.၈)ကီလိုမီတာ၊ အကျယ် (၁၈)ပေ ရှိသော ကွန်ကရစ်လမ်းခင်းခြင်း၊ ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် အရှည် (၉.၀၇)ကီလိုမီတာ၊ အကျယ် (၁၈)ပေရှိသော ကွန်ကရစ်လမ်းခင်းခြင်း၊ Box Culvert (၈)စင်း တည်ဆောက်ခြင်း၊ (၁၂၀၄.၅)မီတာ အရှည် ကျောက်စီရေမြောင်း ဆောင်ရွက်ခြင်း၊ ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် အရှည် (၀.၂)ကီလိုမီတာ မြေသားတာဘောင် တင်ခြင်း၊ ကီလိုမီတာတိုင်/ လမ်းနယ်တိုင်/ လမ်းညွှန်ဆိုင်းဘုတ်များ စိုက်ထူခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက် ရှိပါသည်။
အဆိုပါလုပ်ငန်းများကို (၈-၁-၂၀၂၁)ရက်နေ့က စတင်ဆောင်ရွက်ခြင်း ဖြစ်ပြီး ယခုအချိန်တွင် (၄၃)ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ရာ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၏ ကြီးကြပ်မှု ဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက တာဝန်ယူဆောင်ရွက်လျက် ရှိပါသည်။