သတင်းများ

မုဒုံ - မြဝတီလမ်း (မဲသရော-လှိုင်ကွယ် အပိုင်း) မဲသရော - ခုတ်ခွါးလမ်း
ကြာအင်ဆိပ်ကြီး - ကျိုက်ဒုံလမ်း
ကြာအင်းဆိပ်ကြီး - ဘုရားသုံးဆူလမ်း
ကြာအင်းဆိပ်ကြီး - ချောင်းနှစ်ခွလမ်း
လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ကရင်ပြည်နယ် ညွှန်ကြားရေးမှူး ဦးဆောင်သော တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး။
( ၂၅-၁၀-၂၀၁၆၊ ကြာအင်းဆိပ်ကြီး)

၂၀၁၆ခုနှစ်၊ စက်တင်ဘာလတွင် (၈၄၁)စီး၊ အောက်တိုဘာလ (၂၈)ရက်နေ့ထိ (၉၅၁)စီးရှိခဲ့ပါသည်။ Safety Inspection Unit ၏ လေ့လာဆန်းစစ်သုံးသပ်ရာတွင် စက်တင်ဘာလအတွင်း အရှိန်လွန်မောင်းနှင်သည့် ယာဉ်(၈၄၁)စီးတွင်-
(က)Saloon(179)စီး
(ခ)Hatch Back(80)စီး
(ဂ)Wagon(189)စီး
(ဃ)SUV(234)စီး
(င)Light Truck(47)စီး
(စ)Truck(16)စီး
(ဆ)Mini Bus(4)စီး
(ဇ)Micro Bus(53)စီး
(စျ)Express Bus(39)စီး ပါဝင်ကြောင်းတွေ့ရှိရပါသည်။
နှိုင်းယှဉ်သုံးသပ်ချက်

အိန္ဒု - ဇာသပြင်လမ်း နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းအား ပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ၊ လမ်းပန်းဝန်ကြီးနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး။ (၁-၁၁-၂၀၁၆၊ အိန္ဒု ) ကရင်ပြည်နယ်အတွင်း နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းအား ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့မှစ၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာန က စတင်ဆောင်ရွက်သည်။လ (၁)ရက်နေ့်မစ၍ ဆောက္လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာန က စတင်ဆော်င်ရက်သည်။

တည်ဆောက်ပြီးစီး သောလမ်းများ ရေရှည်အသုံးပြု နိုင်ရန်အတွက် ကုန်တင်ယာဉ်များ သတ်မှတ် တန်ချိန်အတိုင်း တင်ဆောင်ခြင်းဖြင့် ကူညီပေးကြပါရန်နှင့် မြဝတီ (သင်္ဃန်းညီးနောင်) ကတ္တားဂိတ် (Check Point )တွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့မှ စတင်၍ ကုန်တင်ယာဉ် များအား စီစစ်ပေးနေပြီ ဖြစ်ပါသည်။ (၁-၁၁-၂၀၁၆၊ လမ်းဦးစီးဌာန၊ ကရင်ပြည်နယ်)

ဂျိုင်း(ကော့ကရိတ်) Pontoon တံတား ပြင်ဆင်ခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်သဖြင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့မှ စတင်၍ တံတားအား ၂၄ နာရီ ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ ( ၂-၁၁-၂၀၁၆၊ လမ်းဦးစီးဌာန၊ ကရင်ပြည်နယ်)

ထီလုံ - တာပေါင် - ပတ - နဘူးလမ်းပေါ်ရှိ ယခင်ကိုယ်ထူကိုယ်ထဖြင့် တည်ဆောက်ခဲ့သော မိုင်တိုင်အမှတ် (၂၉/၀-၁) တောင်စွန်းရွာ(၁၅)ပေ ကွန်ကရစ်တံတားနှင့် မိုင်တိုင်အမှတ် (၃၀/၀-၁) နောင်ဘိုတိုက်ကျောင်းရွာ (၂၄)ပေ သစ်သားတံတား တို့မှာ မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျချောင်းရေ များကြောင့် ယနေ့နံက် ၅ နာရီတွင် ပြိုကျပျက်စီးသွားပါသည်။ လမ်းကြောင်း ပြတ်တောက်ခြင်း မရှိစေရန် လမ်းအထူးအဖွဲ့(၁၉)မှ ဆောင်ရွက်လျက်ရှိပါသည်။ ( ၁၉-၈-၂၀၁၆၊ ထီလုံ-တာပေါင်လမ်း)

ကမ္ဘာပေါ်တွင် နေ့စဉ် ယာဉ်တိုက်မှုကြောင့် လူပေါင်း(၃၀၀၀)ခန့် သေဆုံးနေရပြီး၊ တစ်နှစ်လျှင် လူပေါင်း (၁.၂)သန်းခန့် သေဆုံးလျက် ရှိပါသည်။ သန်းပေါင်း(၅၀)ခန့်မှာ ထိခိုက်ဒဏ်ရာ ရရှိနေကြပါသည်။ နောင် ၂၀၂၀ ခုနှစ်တွင် ယာဉ်မတော်တဆ မှုကြောင့် သေဆုံးမှုသည် (၆၅)% ပိုမိုကြီးထွားလာနိုင်ပြီး လူဦးရေ (၁)သိန်းလျင် (၁၉)ယောက်နှုန်း သေဆုံးနိုင်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးမှ ခန့်မှန်းထားပါသည်။ ၂၀၁၄/ ၂၀၁၅/ ၂၀၁၆ခုနှစ်(ဇွန်)လ အထိ မှတ်တမ််းများအရ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် တစ်ရက်လျှင် ယာဉ်မတော်တဆ ဖြစ်ပွားမှု ပျမ်းမျှ(၄၃)မှု ဖြစ်ပွားလျက်ရှိပြီး၊ သေဆုံးသူပျမ်းမျှ(၁၂)ဦး၊ ဒဏ်ရာရသူ ပျမ်းမျှ(၇၂)ဦးခန့် ရှိကြောင်း လေ့လာ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား အသုံးပြုသွားလာနေသည့် မော်တော်ယာဉ်များ စည်းကမ်း လိုက်နာနိုင်ရေး ပညာပေးကာလ ကျော်လွန်ပြီဖြစ်၍ စည်းကမ်း လိုက်နာမှုမရှိသည့် ယာဉ်များအား ဥပဒေအရ စစ်ဆေးအရေးယူ ဆောင်ရွက်ရာတွင် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူး (မြို့ပြ)ရုံး၊ Safety Inspection Unitအနေဖြင့် ပူးပေါင်း ပါဝင် ဆောက်ရွက် လျက်ရှိပါသည်။

(၂၄-၈-၂၀၁၆) တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ရခိုင်ပြည်နယ်၊ မအီ - ကျောက်ဖြူလမ်း မိုင်တိုင်(၅၃/၃) ရှိ အရှည်(၃၅၁.၈၈) မီတာ လုံးတော် ပေါက်တံတား၏ (၆၀ m) ရေလည်ခန်းဖွင့် သံမဏိ သံပေါင်သည် တိုင်အမှတ် P(3) ပေါ်ရှိ အထိုင် Bearing ပေါ်မှ ပြုတ်ကျသွားခဲ့ခြင်းကြောင့် သံမဏိ သံပေါင်သည် တိုင်အမှတ် P(3)ပေါ်တွင် ဘေးတိုက်

(၂၄-၈-၂၀၁၆)ရက်နေ့ ညနေ (၁ရးဝ၅ )အချိန်ခန့်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ရခိုင်ပြည်နယ်၊ မအီ - ကျောက်ဖြူလမ်း မိုင်တိုင်(၅၃/၃)ရှိ အရှည်(၃၅၁.၈၈)မီတာ လုံးတော် ပေါက်တံတား၏ (၆၀ m) ရေလည်ခန်း ဖွင့် သံမဏိ သံပေါင်သည် တိုင်အမှတ် P(3) ပေါ်ရှိ အထိုင် Bearing ပေါ်မှ ပြုတ်ကျ သွားခဲ့ပါသည်။ အဆိုပါ သံမဏိသံပေါင်သည်