ဆောက်လုပ်ရေးဝန်ကြီးဌာနအကြောင်း

လုပ်ငန်းတာဝန်များ

ဆောက်လုပ်ရေးဝန်ကြီးဌာန သည် အောက်ဖော်ပြပါ လုပ်ငန်းတာဝန်များအား စီမံချက် ချမှတ်၍ ရည်မှန်းချက် ပြီးမြောက်အောင်မြင်စွာ ဆောက်ရွက်ရန် လက်အောက်ရှိ အဖွဲ့အစည်းများကို ကြီးကြပ်ဆောင်ရွက် လျက်ရှိပါသည် -

  • (က) နိုင်ငံတော်မှချမှတ်ထားသည့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
  • ( ခ ) လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့စေရေးအတွက် လမ်းနှင့်တံတားများအား စီမံကိန်းများ ချမှတ်ဆောင်ရွက်ခြင်း ၊
  • ( ဂ ) တည်ဆောက်ပြီးသော လမ်းနှင့်တံတားများအား ပြင်ဆင်ထိန်းသိမ်းခြင်း ၊
  • ( ဃ) အခြားသော ဝန်ကြီးဌာနများက လုပ်ငန်းအပ်နှံသည့် လေယာဉ်ကွင်းများ၊ စက်ရုံ ၊ အလုပ်ရုံများ အပါအဝင် ပညာရေး၊ကျန်းမာရေးစသည့် နိုင်ငံပိုင် အဆောက်အဦများကို တည်ဆောက်ပြုပြင်မွမ်းမံထိမ်းသိမ်းခြင်း၊
  • ( င ) မြို့ပြနှင့်ဒေသစီမံကိန်းများ ရေးဆွဲဆောင်ရွက်ခြင်း ၊
  • ( စ ) လူနေမှုအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်မြင့်မားရေး အတွက် မြို့သစ်များ တိုးချဲ့ တည်ဆောက်ခြင်း၊ ရပ်ကွက်သစ်များ တည်ဆောက်ခြင်း၊
  • ( ဆ) ပြည်သူများနှင့် ဝန်ထမ်းများ နေထိုင်ရေးကို တဖက်တလမ်းမှ အခက်အခဲ ဖြေရှင်းပေးနိုင်ရန် အိမ်ရာစီမံကိန်းများ ရေးဆွဲဆောင်ရွက်ခြင်း၊
  • ( ဇ ) နိုင်ငံပိုင် အဆောက်အအုံများ တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း ၊
  • ( စျ ) နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးရေးအတွက် ချမှတ်ထားသော လမ်းညွှန်မှုများနှင့် မူဝါဒများအရ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း

ရည်မှန်းချက်

နိုင်ငံတကာဆက်သွယ်မှုလမ်းကြောင်းများအား အိမ်နီးချင်းနိုင်ငံများထက် မနိမ့်ကျစေရန်၊စီးပွားရေးဖွံ့ဖြိုးတိုုးတက်မှုအတွက် အဓိကကုန်သွယ်မှု လမ်းကြောင်းများ ဖြစ်စေရန်နှင့် တိုင်းဒေသကြီး၊ပြည်နယ်အသီးသီးကို ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းများပေါ်ရှိလမ်း၊တံတားများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်မှန်းချက်ထားပါသည်။ ၂၀၁၅ခုနှစ်၊ အာဆီယံစီးပွားရေးအသိုက်အမြုံ (Asean Economic Community) စတင်ချိန်တွင် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ၏ (၁၉၉၉) ခုနှစ်၊ စက်တင်ဘာလ အဘောတူလက်မှတ်ရေးထိုးခဲ့သည့် စာချုပ်အရ အာဆီယံလမ်းမကြီးများကို စံနှုန်းသတ်မှတ်ချက်နှင့်အညီ Class lll (၂ လမ်းသွား ကတ္တရာလမ်း) အဆင့် ရောက်ရှိအောင် ဆောင်ရွက်သွားပါမည်။ နိုင်ငံတကာဆက်သွယ်သည့် လမး်များဖြစ်သည့် အာရှလမ်းမကြီးများ (Asia Highway) ၊ မဟာမဲခေါင်ဒေသလမ်းမကြီးများ (GMS) ၊ ဘင်္ဂလားပင်လယ်အော်ထိစပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး လမ်းမကြီးများ(BIMSTEC)၊ အိန္ဒိယ-မြန်မာ-ထိုင်း (၃)နိုင်ငံဖြတ်လမ်းမကြီးနှင့် အဓိကပြည်ထောင်စုလမ်းမကြီးများကို Class lll ၂၄’ အကျယ် ကတ္တရာကွန်ကရစ်လမ်း(သို့) ကွန်ကရစ်လမ်းအဆင့် ဆောင်ရွက်သွားပါမည်။ ဆင်းရဲနွမ်းပါးမှုလျော့ချရေး အတွက် ကျေးလက်နှင့်မြို့ပြဆက်သွယ်သည့် လမ်းများကို အနည်းဆုံး ရာသီမရွေး သွားလာနိုင်သည့် ကျောက်ချောလမ်းအဆင့်၊ မြို့ချင်းဆက်လမ်းများကို အနည်းဆုံး ၁၂’ အကျယ် ကတ္တရာလမ်းအဆင့် တည်ဆောက်နိုင်ရေးနှင့် တံတားများကို အမြဲတမ်း သံကူကွန်ကရစ်တံတားများ အဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်သွားပါမည်။